၂၀၁၅အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းကို
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၄ မြို့နယ်တွင် ဒီဇင်ဘာလအကုန်၌
ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင်များရှိ ရွေးချယ်ထားသော ၁၄မြို့နယ်ကို မဲစာရင်း စတင်ပြုစုမည်ဖြစ်သည်။
နိုဝင်ဘာအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ၁၀မြို့နယ်ကို ရွေးချယ်ခဲ့ကာ ၂၀၁၅ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စတင်ဆောင်ရွက်ခဲ့သည်။ ယင်း ၁၀မြို့နယ်တွင် ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ဆိပ်ကြီးခနောင်တို၊ ကျောက်တံတား၊ လမ်းမတော်၊ ဗိုလ်တထောင်၊ပုဇွန်တောင်၊ ဒေါပုံနှင့်ကမာရွတ်မြို့နယ်တို့ပါဝင်ခဲ့သည်။
‘‘လာမယ့်ရွေးကောက်ပွဲက အထွေထွေရွေးကောက်ပွဲလည်း ဖြစ်တယ်။ နောက် မြန်မာနိုင်ငံအ တွက်လည်းအရေးကြီးတဲ့ ရွေး ကောက်ပွဲလည်းဖြစ်တဲ့အတွက် ကြောင့်မို့ မဲစာရင်းတိကျမှန်ကန် မှုက အရေးအကြီးဆုံးပါ’’ဟု ရန် ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးကိုကိုကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် မှ စတင်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ တစ်နိုင်ငံ လုံးအဆင့်မဲဆန္ဒရှင်စာရင်းပြုစု ခြင်းလုပ်ငန်းကို စတင်လိုက်ခြင်းဖြစ်ကာ ယင်းလုပ်ငန်းစဉ်အတွင်း မဲဆန္ဒရှင်များ၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များ ပြုစုမည်ဖြစ်သည်။
လာမည့် ၂၀၁၅အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်း တိကျမှန်ကန်မှုရှိစေရန် အဆင့်သုံးဆင့်ခွဲခြားထားပြီး ပထမအဆင့်ကို ၂၀၁၄ နိုဝင်ဘာ အတွင်းစတင်ကာ နောက်ဆုံးအဆင့်ကို ၂၀၁၅ မေလအပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။
http://7daydaily.com/story/26455#.VIUtdcnZGM8

No comments:
Post a Comment