ဂျပန်ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်နေသော သီလ၀ါအထူးစီးပွားရေးဇုန် (ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာနိုင်ငံသို့
ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများ အနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်
နှံမှုသည် လာမည့် သုံးနှစ်အတွင်း ထိပ်ဆုံး သုံးနိုင်ငံစာရင်းတွင် ပါ
ဝင်လာမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)
အတွင်းရေးမှူး ဦးအောင် နိုင်ဦးကပြောသည်။
ပြီးခဲ့သည့် နှစ်မှစကာ ဂျပန် နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ၀င် ရောက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်နှင့် လာရောက် ဆွေးနွေးမှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများမှာ လည်း သိသာစွာ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။
‘‘ခန့်မှန်းထားတာတော့ ဂျပန်က အခုလက်ရှိနံပါတ် ခုနစ် ကနေ သုံးနှစ်လောက်အတွင်းမှာ ကို နံပါတ်သုံးတက်သွားမယ်’’ဟု ဦးအောင်နိုင်ဦးကပြောသည်။
ဂျပန်နိုင်ငံက ၀င်ရောက် သော ရင်းနှီးမြှုပ်နှံမှုများသည် အထူးစီးပွားရေးဇုန်တွင်သာ ၀င် ရောက်မှု များနေသည့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစာရင်း၌ မ၀င်သေး၍ လက်ရှိစာရင်းတွင်သိသာစွာ မြင့်တက်မှု နည်းနေခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် နိုဝင်ဘာလ ကုန်အထိ ဂျပန်နိုင်ငံမှ ၀င်ရောက် ထားသော ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ ကန်ဒေါ်လာသန်းပေါင်း ၃၆၀ ကျော်ရှိသည်။
ဂျပန်လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် ၀န်ဆောင်မှုလုပ်ငန်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းများ၌ အများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း ဂျပန် ကုန်သည်ကြီးများနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း(ရန် ကုန်)မှ သတင်းရရှိသည်။
ဘဏ်လုပ်ငန်းနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော်လည်း အခြားရင်းနှီးမြှုပ်နှံမှုများနှင့် ယှဉ် လျှင် နည်းနေသေးသည်။
မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပ ဏီ ၅၀ နီးပါး ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်ပြီး သီလ၀ါအထူးစီးပွားရေးဇုန်သည်ဂျပန်နိုင်ငံ၏ ရင်းနှီးမှု အဓိက ၀င်ရောက်မည့် နေရာ ဖြစ်နေ သည်။
ဂျပန်နိုင်ငံသည် အာဆီယံ နိုင်ငံများအနက် မြန်မာနိုင်ငံကို စီးပွားရေးအရ မျက်စိအကျဆုံး ဖြစ်နေခြင်းကြောင့် ပထမအ ကြိမ် အာဆီယံ-ဂျပန် အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲကိုပင် မြန်မာနိုင်ငံသို့ လာရောက်ပြုလုပ်ခြင်းဖြစ် ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်း အောင်ကပြောကြားခဲ့ဖူးသည်။
http://7daydaily.com/story/26392#.VIUQaMnZGM8

No comments:
Post a Comment