December 9, 2014

စပစ်ဖိုင်းယား တိုက်လေယာဉ်တူးဖော်ရန် ဗြိတိန်အဖွဲ့တစ်ဖွဲ့ ထပ်မံစီစဉ်နေ

စပစ်ဖိုင်းယားတိုက်လေယာဉ် ပထမအကြိမ်ရှာဖွေနေစဉ်(ANDREA CHANT)
စပစ်ဖိုင်းယား တိုက် လေယာဉ်များ တူးဖော်ရှာဖွေရန် ဗြိတိန်အခြေစိုက် အဖွဲ့တစ်ခုက ထပ်မံစီစဉ်နေကြောင်း သတင်းရရှိသည်။
  ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံတွင်  မြှုပ်နှံထားခဲ့သည်ဆိုသော ယင်းလေယာဉ်များကို ဗြိတိန်နိုင်ငံသား တစ်ဦးက မြန်မာကုမ္ပဏီတစ်ခုနှင့် ၂၀၁၃ တွင် ပူးပေါင်းရှာဖွေခဲ့ရာ အောင်မြင်မှုမရခဲ့ဘဲ  ရပ်ဆိုင်းပြီးနောက် ဗြိတိန်အခြေစိုက် နောက်အဖွဲ့ တစ်ခုက ထပ်မံရှာဖွေရန် ပြင်ဆင်နေခြင်းဖြစ်သည်။
‘‘ဗြိတိန်က နောက်အဖွဲ့တစ် ခုက ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် ကမ်းလှမ်း ထားတာရှိပါတယ်။ ဒါပေမဲ့ လုပ် ခွင့်ပေးခြင်း၊ မပေးခြင်းနဲ့ပတ်သက်လို့ ဆုံးဖြတ်ထားရသေးခြင်း မရှိပါဘူး’’ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဝင်းဆွေထွန်းက ပြောသည်။
  ဗြိတိန်အခြေစိုက် War Gaming ကုမ္ပဏီ၏ ငွေကြေးစိုက် ထုတ်မှုဖြင့် ယင်းနိုင်ငံသား လေ ကြောင်းရေးရာ ကျွမ်းကျင်သူ ဒေး ဗစ်ကင်ဒယ်က ပြည်တွင်းရှိ ရွှေ တောင်ပေါ်ကုမ္ပဏီနှင့် ပူးပေါင်း ကာ ၂၀၁၃ နှစ်ဆန်းပိုင်းက တိုက်လေယာဉ်ရှာဖွေရေးကို  စတင်ခဲ့သည်။

နောက်တစ်ကြိမ် ရှာဖွေမှု ကမ်းလှမ်းထားသော အဖွဲ့က ယခင်ရှာဖွေမှုပြုလုပ်ထားသူများ နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒ ရှိနေသည်ဟု  လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပထမအကြိမ် ရှာဖွေမှုအ တွက် သက်တမ်းကို ၂ နှစ်သတ်မှတ်ထားရာ သဘောတူစာချုပ်သက်တမ်းကာလမှာ ပြီးခဲ့သည့် အောက်တိုဘာကပင် ပြည့်သွား၍  ရှာဖွေမှုကို  ရပ်ဆိုင်းထားကြောင်း သိရသည်။
 မြန်မာနိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်အတွင်း၌ အဆိုပါတိုက် လေယာဉ် ငါးဆယ်ကျော်ကို ဗြိတိသျှလေတပ်မတော် အခြေစိုက်ခဲ့ရာ နေရာသုံးခုအနီး မြှုပ်နှံထားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း  တိကျရေရာမှု မရှိခဲ့ပေ။
၎င်းတို့ မြှုပ်နှံထားခဲ့သည် ဆိုသော နေရာများမှာ ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းအနီး၌ ၃၆ စီး၊ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ခြောက်စီးဖြစ်ပြီး    ထိုစဉ်က ယင်းလေ ယာဉ်များကို သစ်သားသေတ္တာ များဖြင့် ထိုစဉ်က မြေအောက် ပေ ၃၀ အနက်၌ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်ရှာဖွေခဲ့သည့် ဒေးဗစ်ကင်ဒယ် က ၂၀၁၃ ခုနှစ်အတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယင်းလေယာဉ်များ မြှုပ်နှံ ထားသည့် သက်သေအထောက် အထားအခိုင်အမာရှိနေသည်ဟုဒေးဗစ်ကင်ဒယ် ဦးဆောင်သော
အဖွဲ့က ထုတ်ဖော်ပြောကြားထားသော်လည်း ခေတ်မီနည်းပညာဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့သည့် ၂ နှစ်အတွင်း တွေ့ရှိမှု မှတ်တမ်းများ ချပြနိုင်ခဲ့ခြင်းမရှိပေ။
 ရှာဖွေမှုအောင်မြင်ပါက မြန်မာအစိုးရက ၅၀ ရာခိုင်နှုန်း၊ ပူးပေါင်းဆောင်ရွက်သည့် ရွှေတောင်ပေါ်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ ဒေးဗစ်ကင်ဒယ်က ၃၀ ရာခိုင်နှုန်း ခွဲဝေရယူရန် ထိုစဉ်က သဘောတူခဲ့ကြောင်း သိရသည်။ ယင်းရှာဖွေမှုအတွက် War  Gam-ingကုမ္ပဏီက  ကန်ဒေါ်လာ ငါးသိန်းကျော်  ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံအနေဖြင့် ဒုတိ ယကမ္ဘာစစ်ကာလအတွင်း စပစ် ဖိုင်းယား လေယာဉ် အစီးရေနှစ် သောင်းခန့် ထုတ်လုပ်ခဲ့ပြီး အများ စုမှာ စစ်ပွဲကြောင့် ပျက်စီးပျောက် ကွယ်သွားပြီဟု မှတ်တမ်းများ၌ ဖော်ပြထားသည်။
http://7daydaily.com/story/26603#.VIZf8cnZGM8

No comments:

Post a Comment