December 9, 2014

သုံးရက်အတွင်း ပါဝါအိတ်ဇောတပ်ယာဉ် ခြောက်ဆယ်ခန့် ဖမ်းမိ

ရဲတပ်ဖွဲ့ဝင်များက ကားများကို ရှောင်တခင်စစ်ဆေးစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
သုံးရက်အတွင်း ပါဝါ အိတ်ဇောတပ်ယာဉ်များနှင့်ပြိုင် ကားယာဉ် ၅၇ စီးကို ဖမ်းဆီးအရေးယူထားပြီး ထိုသို့ ဖမ်းဆီး ခြင်းကို သတ်မှတ်ကာလ အကန့် အသတ်မရှိ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ် သည့်  ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်၌ တိုင်းအစိုးရ အဖွဲ့ ၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက မီ ဒီယာများနှင့်တွေ့ဆုံစဉ်အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ ယခုရက်ပိုင်းအတွင်း စီမံ ချက်ဖြင့် ပါဝါအိတ်ဇောတပ်ဆင် ထားသည့် ပြိုင်ကား အပါအ၀င် အခြားကားများကို ညဘက်တွင် ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိသည့် ယာဉ်များကို တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည်။
သိမ်းဆည်းထားသည့် ယာဉ် များအား သက်ဆိုင်ရာယာဉ်မှုစစ် များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာန တာဝန်ရှိသူ များက တရားဝင်မှတ်ပုံတင်ထား သည့် ယာဉ်ဟုတ်၊ မဟုတ်၊ မူလ မှတ်ပုံတင်စဉ်က တပ်ဆင်ထား သည့် စက်ပစ္စည်းများ ဟုတ်၊ မ ဟုတ် စသည့် အချက်များအား ဒီဇင်ဘာ ၈ ရက်တွင် လိုက်လံစစ် ဆေးခဲ့သည်။
 ‘‘ပြည်သူလူထုအတွက်လည်း အနှောင့်အယှက်ဖြစ်စေတဲ့ အတွက် အရင်ကလည်း ဖမ်းဆီး အရေးယူမှုတွေရှိပါတယ်။ အခု လည်း ဒါတွေကို မဖြစ်မနေဆက် တိုက်ဖမ်းဆီးအရေးယူမှုတွေလုပ် နေပါတယ်။ အချိန်ကာလကန့် သတ်ထားတာမရှိပါဘူး။ ဒါဘာ ကြောင့်လဲဆိုတော့ ပြည်သူတွေအတွက် လိုအပ်လို့ပါ’’ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။
ထို့သို့ ဖမ်းဆီးရာတွင် ဖမ်း ဆီးခံရသူများက အသာတကြည် ပြောဆိုမှုမရှိဘဲ မချေမငံဆက်ဆံ ခြင်း၊ ရင့်သီးစွာပြောဆိုခြင်းများ၊ ရန်ရှာ ကြိမ်းမောင်းခံရခြင်းများ ကြုံတွေ့ရကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ပါဝါအိတ်ဇောတပ် ယာဉ် များကို ယခုလ ၆ ရက်ညမှ စတင် အရေးယူသိမ်းဆည်းလျက်ရှိကာ ယခုလ ၈ ရက်အထိ လွှတ်တော် ၀င်းအတွင်း သိမ်းဆည်းထား သည့် ယာဉ်များ၌ ပြိုင်ကားများ အခြားအမျိုးအစား အိမ်စီးကားများအပြင် အငှားယာဉ် အချို့ လည်း ပါဝင်သည်။
http://7daydaily.com/story/26585#.VIZinsnZGM8

No comments:

Post a Comment