ရန်ကုန်စာတိုက်ကြီးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆင်းမ်ကတ်များနိုဝင်ဘာ ၁၄ရက်က ရောင်းချပေးနေစဉ်။
၎င်းက "အပြင်မှာ ရောင်းနေတဲ့ ကတ်တွေက စာချုပ်တွေ ဘာတွေ မရှိတော့ ဆင်းမ်ကတ်
ဘေးဘောင်(အခွံ)ကို ပြပြီး လျှောက်လို့ရပါတယ်။ အဲ့ဒီကတ်အခွံမှာ နံပါတ်တွေနဲ့
ဘားကုတ် ပါတယ်" ဟု ဆိုသည်။MPT က လက်ရှိချထားပေးသည့် ဆင်းမ်ကတ်များတွင် ပိုင်ဆိုင်မှု စာချုပ်မပါဝင်ဘဲ မှတ်ပုံတင်မိတ္တူဖြင့် မှတ်ပုံတင် စာရင်းသွင်းထား မည် ဖြစ်သော် လည်း ပြင် ပဈေးကွက်တွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ်သုံးထောင်မှ ငါးထောင်းအတွင်း ဈေးခေါ်ရောင်းချနေပြီး မှတ်ပုံတင်မိတ္တူပေးပြီး စာရင်းသွင်းရန် မလိုဘဲဝယ် ယူ နိုင်နေသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ ဆင်းမ်ကတ်များကို ရန်ကုန်စာတိုက်ကြီးတွင် တစ်နေ့လျှင် ကတ် ၁၀၀နှုန်းဖြင့် နေ့စဉ်ရောင်းချပေးနေသည်ဟု ယင်း အရောင်းကောင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကောင် တာတွင် ဝယ်ယူပါက အမည်စာရင်း နှင့် မှတ်ပုံတင် မိတ္တူပေးပြီး စာရင်း သွင်းရမည် ဖြစ် သည်။
ဖုန်းအသုံးပြု သူတစ်ဦးက "စာတိုက်ကြီးမှာ ရောင်းတာ သွားဝယ် မယ်ဆိုရင် တိုကင်ယူပြီး မှတ်ပုံတင် မိတ္တူနဲ့ နာမည် စာရင်းပေး ရတာတွေ အလုပ် ရှုပ်တယ်။ အပြင်မှာ လေးထောင်လောက် ဆိုရင် ကြိုက်သလောက် ဝယ်လို့ရနေတော့ အလွယ်ပဲ ၀ယ်သုံးနေကြတယ်" ဟု ၎င်း၏ အမြင်ကို ပြောသည်။
မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များ ကတ်ပျောက် ကတ်ပျက် လျှောက်ထားပါက မှတ်ပုံတင်မိတ္တူ၊ ဖုန်းပိုင်ဆိုင်မှု စာချုပ်၊ ကတ်ဘေးဘောင်(အခွံ) တို့နှင့် လျှောက်ထားနိုင်ပြီး ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဝန်ဆောင်မှု ပေးနေသူများလည်း ရှိသည်ဟု ကတ်ပျောက် လျှောက်ထားဖူးသူ တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။
၎င်းက " ခုရောင်းနေတဲ့ ကတ်တွေမှာ ပိုင်ဆိုင်မှု စာချုပ်မှ မပါတာ။ ရုံးက တောင်းတော့ ပေးစရာ မရှိဘူး။ အဲ့ဒီက ၀န်ဆောင်မှု ပေးနေတဲ့ သူတွေနဲ့ လျှောက် ရင်တော့ အဆင်ပြေပါတယ်" ဟု ဆိုသည်။
ကတ်ပျက် လျှောက်ထား ပါက အခမဲ့ ဖြစ်သော်လည်း ဝန်ဆောင်မှု ပေးသူ များထံမှ တဆင့်လျှောက် ထားပါက ကျပ် နှစ်သောင်းမှ သုံးသောင်း အထိ ကျသင့် သည်ဟု ဖုန်းကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားဖူးသူ တစ်ဦး က ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-09-12-10-43-43/item/34223-mpt
No comments:
Post a Comment