မြန်မာနိုင်ငံရုပ်ရှင်အ
စည်းအရုံးမှ ပထမဆုံးအကြိမ်ပြု လုပ်ခဲ့သော ကျင်းပပြီးစီးခဲ့သည့်
အကယ်ဒမီဆုပေးပွဲသို့ တက် ရောက်ရန် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း
စိတ်မပါသ ဖြင့် ပွဲမတတ်ခဲ့ခြင်းဖြစ်ကြောင်း အကယ်ဒမီ ခန့်စည်သူက ဆို သည်။
၎င်းပါဝင်သရုပ်ဆောင်ထား သည့် ကိုယ့်အထာနှင့် ကိုယ့်ဇာတ် ကားမှာ အကယ်ဒမီဆန်ခါတင် ခြောက်ကားတွင် ပါဝင်ခဲ့သော် လည်း ဆုမရရှိခဲ့ပေ။ ကိုယ်တိုင် မတက်ရောက်ဖြစ်ခဲ့သလို ရုပ်မြင် သံကြားမှလည်း မကြည့်ဖြစ်ခဲ့သ ဖြင့် မည်သည့်ပုံစံနှင့် ကျင်းပခဲ့ ကြောင်း ခန့်စည်သူက ဆိုသည်။
အကယ်ဒမီဆုပေးပွဲပြီးခဲ့ သော်လည်း ဝေဖန်မှုများရှိခဲ့သည့် အပေါ် အနုပညာရှင်တစ်ဦး အနေနှင့် မည်သို့သုံးသပ်ပေးချင် သနည်းဆိုသည်ကို ‘‘အကယ်ဒမီ ပေးပွဲကို မတက်ခဲ့တော့ ဘာမှကို စိတ်မ၀င်စားမသိပါဘူး’’ဟု ၎င်း က ပြောသည်။
အကယ်ဒမီခန့်စည်သူသည် ၂၀၁၅တွင် ဟာသရုပ်ရှင် ဇာတ်ကားသုံးကား ရိုက်ကူးရန်ရှိပြီး ယင်းဇာတ်ကားထဲ၌ ဟာသ ဆို သော်လည်း ပရိသတ်ထံမတူညီ သည့် ရသများပေးသွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ညီအစ်မလေး ဖော်ယူနိုက်တက်ဇာတ်ကားကို သရုပ်ဆောင် ယုသန္တာတင်၊ မေ၊ ဆုမြတ်နိုးဦး၊ ရွှေပိုးအိမ်တို့နှင့် ရိုက်ကူးနေကြောင်း သိရသည်။
သရုပ်ဆောင် ခန့်စည်သူ သည် ၂၀၀၈ အတွက် ပေးအပ် သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူ ဖြစ် သည်။
http://7daydaily.com/story/28365#.VKYfhsnZGM8

No comments:
Post a Comment