အထွေထွေရွေးကောက် ပွဲအတွက် အခြေခံမဲစာရင်းပြုစုမှု များကို
ပြည်နယ်နှင့်တိုင်းများတွင် ဖေဖော်ဝါရီမှ ဇူလိုင်အတွင်း အ ပြီး
ထုတ်ပြန်နိုင်ရန် ပြင်ဆင်နေ ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသတင်းရရှိသည်။
ပြည်နယ်နှင့်တိုင်းများကို လူဦးရေနှင့် မြို့နယ်အပေါ်အခြေ ခံလျက် အဆင့်လေးဆင့်ခွဲပြုစု နေပြီး ပထမအဆင့်ပြည်နယ်နှင့် တိုင်းများက အခြေခံမဲစာရင်းကို ဖေဖော်ဝါရီတွင် အပြီးသတ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးဦးသောင်းလှိုင်က ပြောသည်။
ပထမအဆင့်တွင် ပါဝင်သော ပြည်နယ်နှင့်တိုင်းများ၏ မဲစာရင်းကို ဖေဖော်ဝါရီတွင် အပြီးသတ်၍ ပြည်သူများသိရှိနိုင် ရန်ကြေညာမည်ဖြစ်ပြီး နောက်ဆုံး စတုတ္ထအဆင့်တွင် ပါဝင် သည့် ကရင်ပြည်နယ်ကဲ့သို့ ပြည်နယ်နှင့်တိုင်းများမှာ ဇူလိုင်တွင်အပြီးသတ်ရမည်ဖြစ်ကြောင်း သိရ သည်။
အခြေခံမဲစာရင်းများကို နိုဝင်ဘာလလယ်မှစ၍ ရပ်ကျေး ကော်မရှင်များက ပြုစုနေခြင်းဖြစ် သော်လည်း အပြီးသတ်မဲစာရင်း ကိုမူ နိုင်ငံတကာရွေးကောက်ပွဲ စနစ်များဆိုင်ရာအဖွဲ့အစည်းဖြစ် သည့် IFES နှင့် ပူးပေါင်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။
ပထမအဆင့်အခြေခံမဲစာ ရင်းပြုစုသည့် နေရာများတွင် ရန်ကုန်၊ နေပြည်တော်နှင့်ရှမ်း ပြည်နယ်တောင်ပိုင်းတို့ ပါဝင်သည့်အတွက် ယင်းဒေသများ၏ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီ၌ ပြည်သူများထံ ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းများထုတ် ပြန်ကြေညာသည့်အခါ ပြည်သူ များက မဲစာရင်းကို သွားရောက် ကြည့်ရှုရန်လိုအပ်ပြီး မဲစာရင်း တွင် အမည်မပါလျှင် ပုံစံ (၃) ဖြင့်၊ အချက်အလက်များမှားနေလျှင် ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုပါဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ် ပြန်ကြေညာထားသည်။
အခြေခံမဲစာရင်းများပြည့်စုံ ၍ ရွေးကောက်ပွဲကျင်းပရန်ရက် သတ်မှတ်နိုင်သည့်အခါမဲစာရင်းအားလုံးကို အင်တာနက်တွင် ကြည့်ရှုနိုင်စေရန် ရွေးကောက်ပွဲကော်မရှင်က စီစဉ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။
http://7daydaily.com/story/28882

No comments:
Post a Comment