ရန်ကုန် ဇန်နဝါရီ ၁
အူရီဒူးမြန်မာမှ ပြည်ပသို့ ဖုန်းခေါ်ဆိုခများ လျှော့ချပေးလျက်ရှိရာ အမေရိကန် နိုင်ငံသို့ တစ်မိနစ်လျှင်
ငွေကျပ် ၁ဝဝ ဖြင့် လည်းကောင်း၊ အာဆီယံ
နိုင်ငံများသို့ တစ်မိနစ်လျှင် ငွေကျပ်၂ဝဝ ဖြင့် လည်းကောင်း ခေါ်ဆိုနိုင်ပြီ
ဖြစ်ကြောင်း သိရ သည်။ အူရီဒူးမြန်မာသည် ၎င်းတို့၏ နောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီ
3G ကွန်ရက်ကို ပိုမိုကောင်းမွန်စွာ ဆက်တိုက် ဖြန့် ကြက်လျက်ရှိရာ
နေ့စဉ်နှင့်အမျှ ဝန်ဆောင်မှုများ တိုးတက်ပြောင်းလဲ လျက်ရှိသည်။ ၂ဝ၁၄ ခုနှစ်
အောက်တိုဘာ ၂၃ရက် မှ စ၍ အူရီဒူးမြန်မာမှ နိုင်ငံပေါင်း ၄၆ နိုင်ငံသို့
ဖုန်းခေါ်ဆိုမှု နှုန်းထားများ လျှော့ချ သတ်မှတ်ခဲ့သည့် အတွက် အူရီဒူးဖြင့်
ဖုန်းခေါ်ဆိုခ သက်သာစွာ ခေါ်ဆိုနိုင်ခဲ့သည်။ အူရီဒူးဖြင့်
ပြည်ပနိုင်ငံများသို့ တစ်မိနစ် ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ
ကနေဒါ နှင့် အမေရိကန်သို့ ငွေကျပ် ၁ဝဝ၊
မလေးရှား၊ ထိုင်း၊စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊
အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ကင်မရွန်းတို့သို့
ငွေကျပ် ၂ဝဝ၊ တောင်ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ သြစတြေးလျ၊ သီရိလင်္ကာ၊
ဟောင်ကောင်၊ ပါကစ္စတန်၊ နီပေါ၊ နယူးဇီလန်၊ ဘရူနိုင်းနှင့် မကာအိုတို့သို့
ငွေကျပ် ၄ဝဝ၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊
နယ်သာလန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပိုလန်၊ သြစတြီးယား၊
ဂရိ၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ယူကရိန်း၊ ဟန်ဂေရီနှင့်
ခရိုအေးရှားတို့သို့ ငွေကျပ် ၆ဝဝ ဖြစ်ကြောင်း သိရ သည်။
http://myawady.net.mm/allnews/localnews/item/57860-2015-01-02-12-18-38
No comments:
Post a Comment