ချင်းပြည်နယ်ရှိ စာသင် ကျောင်းများအတွက် လိုအပ်ရှိနေသော
မူလတန်းပြပညာရေးဝန်ထမ်း ၉၇၄ ဦးအား ၂၀၁၅-၁၆ ပညာသင်နှစ်တွင်
ထပ်မံခန့်အပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး
ဒေါက်တာဘမောင်က ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြောသည်။
ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ၊မြို့နယ်များသည် တောင် ကုန်းတောင်စောင်းများပေါ်တွင် တည်ဆောက်နေထိုင်ကြပြီး တစ်ရွာနှင့် တစ်ရွာခြေလျင်ဖြင့်သာ သွားလာနေရသည်။
ထို့ကြောင့် ကလေးငယ်များ အနေဖြင့် လမ်းပန်းဆက်သွယ် ရေး အခက်အခဲကြောင့် ပညာ သင်ယူနိုင်ခြင်း အခက်အခဲမရှိစေ ရန် ကျေးရွာများတွင် မူလတန်းကျောင်းများ တိုးမြှင့်တည်ဆောက်ဖွင့်လှစ်လျက် ရှိသည်။
ထိုသို့ စာသင်ကျောင်းများ အသစ်ဖွင့်လှစ်ခြင်းမှာ လိုအပ်နေ သည့် နေရာများတွင် ဖြည့်ဆည်း နိုင်ရန်နှင့် အလုပ်ရရှိသော်လည်း ၀င်ရောက်တာဝန်ထမ်းဆောင် ခြင်း မရှိသည့်လစ်လပ်နေရာများ ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ဒေါက်တာဘမောင် က ပြောသည်။
‘‘မူလတန်းကျောင်းတွေ လည်း အသစ်တိုးမြှင့်ဖွင့်လှစ်နေ တယ်။ ဒါ့အပြင် ပညာရေးဝန်ကြီး ဌာန ချမှတ်ထားတဲ့ တစ်အပေါင်းလေး စည်းမျဉ်းအရ လိုအပ်နေတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နိုင်ဖို့ပါ’’ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။
ချင်းပြည်နယ်တွင် ၂၀၁၁-၁၂ ပညာသင်နှစ်မှ ၂၀၁၄-၁၅ ပညာသင်နှစ်အထိ အစိုးရ ဖွင့် လှစ်ထားသည့် မူလတန်းကျောင်း အနေဖြင့် ၄၅ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၉၀၊ ကျောင်းတွဲဖက် မူလတန်းကျောင်း လေးကျောင်းရှိ သည်။ အဆိုပါ ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် နေ့စားလပေး မူလတန်းပြပညာရေး ၀န်ထမ်း ၁,၇၈၀ ဦး ခန့်ထားခဲ့ပြီ ဖြစ်သည်။
http://7daydaily.com/story/32501#.VO03BI4YuM8

No comments:
Post a Comment