မြင်းခြံကောလိပ်တွင် နိုင်ငံတော် အလံအား ဖြုတ်ချခဲ့ခြင်းနှင့်
ပတ်သက်၍ နိုင်ငံတော် သမ္မတက ၎င်းအနေဖြင့် တာဝန်မယူ နိုင်ဟု ပြောကြား ခဲ့ကြောင်း
သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့၊ စိန်ရတု
ခန်းမတွင် ယမန်နေ့က ပြောကြား လိုက်သည်။
လမ်းလျှောက်တဲ့ ကျောင်းသားတွေကို အရေးမယူဖို့နဲ့ ပတ်သက်ပြီး သမ္မတကြီးကို
ဒါလေးတော့ လုပ်ပေးပါဗျာ ဆိုတော့ သူက ပုပ္ပား အထိတော့ တာဝန်ယူပေးမယ်လို့
ပြောတယ်။ နောက်ထပ် သူပြောတာရှိ သေးတယ်။ နိုင်ငံတော် အလံကို သူမပိုင်ပါ
ဘူးတဲ့။ လူဦးရေ (၅၁) သန်းကပိုင် တာ ဖြစ်ပါတယ်တဲ့။ နိုင်ငံတော် အလံနဲ့
ပတ်သက်ပြီး သူတာဝန် မယူနိုင်ဘူးလို့ ထပ်ပြောလိုက် သေးတယ် ဟု ၎င်းက ပြောသည်။
ကျောင်းသား များသည် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့်
မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက် ချီတက် နေကြခြင်း ဖြစ်ပြီး၊ ဇန်န၀ါရီလ
(၂၆) ရက်နေ့က မြင်းခြံ ဒီဂရီ ကောလိပ် အတွင်းရှိ နိုင်ငံတော် အလံကို
ဖြုတ်ချကာ ကျောင်းသား သမဂ္ဂ အလံကို လွှင့်ထူခဲ့သည့် အတွက် မြင်းခြံ ရဲစခန်း
မှ နိုင်ငံတော် အလံ ဥပဒေ ပုဒ်မ (၁၆)ဖြင့် အရေးယူ ထားကြောင်း ဇန်န၀ါရီလ (၂၇)
ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသည်။
တစ်ခုရှိတာက ဥပဒေက ကျောင်းသားတွေမှ ဒီလို ကွက်ပြီး အရေးယူလို့ ရတာ
မရှိဘူး။ ဥပဒေက No one above the law ပါ။ ကျွန်တော် တို့ ဖြစ်စဉ်
မတိုင်မီမှာ ပါတီကြီး တစ်ခုရဲ့ နိုင်ငံလုံး ဆိုင်ရာ အစည်းအဝေးမှာ
အလံပြောင်းပြန် ထောင်တဲ့ ကိစ္စတွေ၊ နောက် ရန်ကုန် စည်ပင် ရွေးကောက်
တင်မြှောက်တဲ့ အချိန်မှာ သူ့ရဲ့မဲဆွယ် စည်းရုံးတဲ့ ဗီနိုင်းမှာ အလံ
ပြောင်းပြန် ရိုက်ထားတာရှိ ပါတယ်။ တကယ်လို့ နိုင်ငံတော် အလံကို (၅၁) သန်း
ပိုင်တယ် ဆိုရင် ဘာကြောင့်သူတို့ကို အရေးမယူကြ တာလဲ ဟု ဒီမိုကရေစီ ပညာရေး
လှုပ်ရှား မှု ဦးဆောင် ကော်မတီမှ ကိုမင်းသွေးသစ်က ပြောသည်။
ထို့အပြင် သပိတ်တိုက်ပွဲဝင် ကျောင်းသားများအား အရေးယူခြင်း မပြုရန်
ကျောင်းသား များက တောင်းဆို ခဲ့ခြင်းနှင့် ပတ်သက်၍လည်း ၀န်ကြီး
ဦးအောင်မင်းက ၎င်းအနေဖြင့် ပုပ္ပား အထိသာ တာဝန်ယူမည်ဟု ကတိပေးထားသည့် အတိုင်း
တာဝန်ယူ နိုင်မည် ဖြစ်ပြီး ရှေ့ဆက်၍ လမ်းလျှောက်ပါက တာဝန်ယူ နိုင်မည်
မဟုတ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ကျောင်းသား
များနှင့် ၀န်ကြီး ဦးအောင်မင်း တို့ ဇန်န၀ါရီ လ (၂၈) ရက်နေ့က တွေ့ဆုံ
ဆွေးနွေးခဲ့ ကြပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ ကြကာ
ဆွေးနွေးပွဲ စတင်သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ သပိတ် တိုက်ပွဲများကို
ရပ်ဆိုင်းပေးရန် သဘောတူ လက်မှတ်ထိုးခဲ့ကြ သော်လည်း ဗကသများ အဖွဲ့ချုပ်မှ
ဆက်လက် ချီတက်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31041
No comments:
Post a Comment