တောင်ကြီးအေးသာယာ ပြည်သူ့အိမ်ရာ စီမံကိန်း
ဝယ်ယူခွင့် လျှောက်ထားတင်ပြ သူ ၂,၆ဝဝ ဝန်းကျင်အထိ ရှိနေကြောင်း
ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်သည့် အစိုးရဝန်ထမ်းများနှင့်
ပြည်သူများအတွက် ယင်းတိုက် ခန်းဝယ်ယူရန် လျှောက်လွှာများကို၂ဝ၁၅ ခုနှစ်
ဇန်နဝါရီ ၁ ရက်မှ ၃ဝ ရက်အထိ စတင်ရောင်းချခဲ့ရာ ယခုအချိန်အထိ
လျှောက်လွှာစောင်ရေ ၂,၅၉၈ စောင်အထိ ရှိနေသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ဖော်ပြ
ထားသည်။
အခန်းပေါင်း ၂,၄ဝဝ ကျော်ပါရှိမည့် တောင်ကြီးမြို့မှ အေးသာယာ
ပြည်သူ့အိမ်ရာစီမံကိန်း၏ အခြေခံအ ဆောက် အအုံအတွက် ပြည်နယ်အစိုးရမှ
အကောင်အထည်ဖော်ခြင်းဖြစ်ပြီး တိုက်ခန်းဆောက်လုပ်မှုကို မင်း ကျန်စစ်ကုမ္ပဏီက
ကျခံသွားမည်ဟုလည်း ရှမ်းပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး
ဦးစိုင်းဇော်ခမ်း က ပြောကြားထားသည်။
တင်ထားသည့် လျှောက်လွှာများထဲမှ တိုက်ခန်းဝယ်ယူခွင့်ကို လာမည့်မတ်လ ၃
ရက်တွင် ပြန်လည်သတ် မှတ်မည်ဖြစ်ရာ လျှောက်လွှာတင်ရန် ကျန်ရှိသူများအား လည်း
ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ အမြန်ဆုံး တင်ပြရန် သတိပေးထားသည်။
အိမ်ထောင်စုပေါင်း ၂,၄ဝဝ အတွက် တိုက်ခန်းပေါင်း ၂,၄ဝဝ ကျော်
ရည်မှန်းထားသော်လည်း အဆိုပြုလွှာ တင်သွင်းမှု များနေခြင်းကြောင့်
တိုက်ခန်းဝယ်ယူခွင့် ကို ပြန်လည်စိစစ် သတ်မှတ်သွားရခြင်းဖြစ်သည်ဟု လည်း
ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။
တောင်ကြီးမြို့ အေးသာယာ ဂေါက်ကွင်းအရှေ့ဘက်ရှိ မြေ ၄၂ ဒသမ ၁၈၈ ဧကပေါ်တွင်
အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၂၃
လုံးပါဝင်မည်ဖြစ်ပြီး ခန်းဖွဲ့နှစ်ခန်းနှင့် ဧည့်ခန်း တစ်ခုပါဝင်မည့်
တိုက်ခန်းပေါင်း ၂,၄၆ဝ ရှိမည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက
ရှင်းပြသည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/39614-2015-02-24-11-36-01
No comments:
Post a Comment