ကိုးကန့်တိမ်းရှောင်အ ဖွဲ့နှင့် တပ်မတော်တို့ကြား ဖြစ်ပွား သော
တိုက်ပွဲများတွင် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော်
(SSPP/SSA)ပါဝင်ပတ် သက်ခဲ့မှုကြောင့် တာဝန်ယူရမည် ဟု တပ်မတော်၏ ပြောကြားချက်
ကို ပြန်လည်ရုပ်သိမ်းပေးရန် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ထံ
စာပေးပို့တောင်းဆိုလိုက်သည်။ ရှမ်းပြည်တိုးတက်ရေးပါတီ
ရှမ်းပြည်တပ်မတော်(SSPP/SSA)ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၂၃
ရက်စွဲဖြင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ထံ စာရေးသားပေးပို့၍ တောင်းဆိုခြင်း ဖြစ်သည်။
ထိုသို့ တောင်းဆိုသည့်စာ ၌ ‘‘ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး၏ သတင်းစာရှင်းလင်းပွဲ၌ ကိုးကန့် အရေးအခင်းတွင် မိမိတို့ SSPP/ SSA ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုခြင်းသည် လက်တွေ့ဖြစ် ရပ်နှင့် မကိုက်ညီသော တစ်ဖက် သတ်စွပ်စွဲချက်များသာ ဖြစ်ပါ သည်။ ‘‘ဖုန်ဝမ်အမ်းဆိုသူကိုလည်းမိမိတို့ မသိပါ။ SSA (၀မ်ဟိုင်း) အဖွဲ့မှ စိုင်းလောဝ်ခေါင်းဆောင် သော အင်အား ၁၀၀ ခန့်စသည် များသည်လည်း လုံးဝမမှန်ကန်ပါ။ စိုင်းလောဝ်ဆိုသူလည်း မရှိပါ။ အင်အား ၁၀၀ ဆိုသည်မှာလည်း မဟုတ်မှန်ပါ။ ၎င်းဖြစ်ရပ်ဖြစ်စဉ် များတွင် မိမိရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မှ လုံးဝပါဝင်လှုပ်ရှားခဲ့ခြင်း မရှိပါ’’ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ပေးစာတွင် ဖော်ပြပါရှိသည်။
နေပြည်တော်ဘုရင့်နောင် ရိပ်သာတွင် ပြုလုပ်သောသတင်း စာရှင်းလင်းပွဲ၌ ဖုန်ဝမ်အမ်းခေါင်းဆောင်သော အင်အား ၁၀၀ ခန့်နှင့် SSA (၀မ်ဟိုင်း)အဖွဲ့မှ စိုင်းလောဝ်ခေါင်းဆောင်သော အင်အား ၁၀၀ ခန့်သည် မုံးပေါ်လေး တံတားမှ တာပါး တံတားသို့ ချီတက်ခဲ့၍ လောက်ကိုင်၊ မုံးကိုး ဒေသကို တိုက်ခိုက်ရန် လမ်းကြောင်း သုံးကြောင်းဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ တပ်မတော်က ကြိုတင်သတင်းရရှိ၍ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ လောက်ကိုင်ကို သိမ်းပိုက်မည့် ၎င်းတို့၏ရည်ရွယ်ချက်အောင်မြင်မှု မရရှိဘဲ တာမုံဝါးသို့ ဆုတ်ခွာစောင့်ဆိုင်းခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။
ကိုးကန့်တိမ်းရှောင်အဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့သော အဖွဲ့များ အနေဖြင့် တာဝန်ယူရမည်ဖြစ် ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်နှင့် မြန်မာအ စိုးရတို့သည် ၂၀၁၁ နှောင်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့သည့် နှစ်လယ်က တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
http://7daydaily.com/story/32516#.VO1AWI4YuM8

No comments:
Post a Comment