March 16, 2015

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး အရပ်ဘက်နှင့် ပြည်သူများ ပါဝင်သည့် အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမြန်ဆုံးအတည်ပြုနိုင်ရေး အထောက်အကူပြုအဖွဲ့ကို မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် မြို့မိမြို့ဖများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်အပြီး ဖွဲ့စည်းလိုက်သည်။
Mandalay-Student-Strike-1
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးကော်မတီအား ဖွဲ့စည်းရန် မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ဆွေးနွေးကျင်းပစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
ထိုကော်မတီက ကျောင်းသားများ တောင်းဆိုနေသော အချက်များကို အမြန်ဆုံး လိုက်လျောပေးရန်နှင့် ပညာရေး ဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုအပါအဝင် ကျောင်းသူ၊ ကျောင်းသားများ သိရှိလာစေရန် ဟောပြောမှုများ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဟုလည်း ကော်မတီအဖွဲ့ဝင်ဦး ရွှေထူးက ပြောသည်။
အဆိုပါ အထောက်အကူပြုကော်မတီကို မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်း တိုက်၌ ဆွေးနွေးမှုများပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း ဥပဒေကို အမြန်ဆုံးအတည်ပြုနိုင်ရန် ပြည်သူလူထု ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး ပြည်သူများ ပါဝင်လာနိုင်ရန်လည်း အထောက်အကူပြုအဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါကော်မတီကို အဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ပြီး  အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမြန်ဆုံး အတည်ပြုနိုင်ရေးနှင့် ဖမ်းဆီးခံကျောင်းသူ၊ ကျောင်းသားများပြန်လည်လွှတ်မြောက်ရေး တို့အတွက်လည်း ဆောင်ရွက်သွားမည်ဟု  ၎င်းကော်မတီဝင် ဒေါ်အမာနီက ပြောသည်။
"ဒီပညာရေးဥပဒေကို အားလုံးသိအောင် မနက်ဖြန်ကနေစပြီး လုပ်ဆောင်သွားကြမှာပါ" ဟု ၎င်းက ပြောသည်။
ထိုကော်မတီသည် ဖမ်ဆီးခံ ကျောင်းသူ၊ ကျောင်းသားများ လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် ကမ်ပိန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဒေါ်အမာနီက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41196-2015-03-16-08-20-52

No comments:

Post a Comment