ယနေ့ပြုလုပ်မည့်
အမျိုး သားပညာရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအပေါ် ကြားနာ မှုကို
ဒီမိုကရေစီ လှုပ်ရှားမှု ဦး ဆောင် ကော်မတီမှ ကိုယ်စား
လှယ်များတက်ရောက်မည်ဖြစ် ကြောင်းသတင်းရရှိသည်။
မတ်လ ၅ရက်တွင် စတင်ပြု လုပ်သော ကြားနာမှုအပေါ် တက္က သိုလ်ကျောင်းသားများသမဂ္ဂ(တ ကသ(နှင့်) ဗကသများအဖွဲ့ချုပ်(မြေ လတ်)တို့မှ ကျောင်းသားခေါင်း ဆောင်များတက်ရောက်ကြမည် ဖြစ်သော်လည်း ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသားခေါင်း ဆောင်များတက်ရောက်မည်မ ဟုတ်ကြောင်း သိရသည်။
‘‘ကျွန်တော်တို့ အခုနေပြည် တော် ရောက်နေပါပြီ။ တကသနဲ့ မြေလတ်(ဗကသ)က ကျောင်း သားတွေ သွားကြမှာပါ။ ဒီမိုက ရေစီ ပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီအနေနဲ့ သွား တက်မှာပါ’’ ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင်ကိုဇေ ယျာလွင်ကပြောသည်။
အမျိုးသားလွှတ်တော်မှဥပ ဒေကြမ်းအပေါ် ကြားနာမှုသည် လေးပွင့်ဆိုင်သဘောတူညီချက် နှင့် ကွဲလွဲနေပြီး ပညာရေးဝန်ကြီး ဌာနက သီးခြားရေးဆွဲထားသော ဥပဒေကြမ်းကိုလွှတ်တော်သို့ တင်ပြထားကြောင်း၎င်းကဆိုသည်။
လေးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်၍ ဥပဒေကြမ်း ဖြစ်ပေါ်ခဲ့ သော်လည်းသဘောထားကွဲလွဲမှု များဖြစ်ပေါ်နေပြီး ဥပဒေအတည် ပြုနိုင်ရေး နှောင့်နှေးဖွယ် ရှိနေကာ ရန်ကုန်မြို့သို့ ဆက်လက်ချီ တက်လာသော ပင်မကျောင်း သားသပိတ်စစ်ကြောင်းကိုလက် ပံတန်းမြို့တွင် လုံခြုံရေးရဲတပ်ဖွဲ့ ၀င်များက တားဆီးပိတ်ဆို့ထား သည်။
နောက်ဆုံးရရှိသောသတင်းအရ ပညာရေးစနစ်ြ ပုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)သည် ဥပဒေကြမ်းကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
လေးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့အဖြစ် ပါဝင်သော NNER သည် မတ်လ ၇ ရက်တွင် ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ပြီး သပိတ်မှောက် ကျောင်းသားများနှင့် ထောက်ခံသူများကို အကြမ်းဖက်ခြင်း၊အရေးယူခြင်းမပြုရန် တိုက်တွန်းလိုက်သည်။
http://7daydaily.com/story/33079#.VPfLvo4YuM8

No comments:
Post a Comment