ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားသော ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်
ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း
ထုတ်ဖော်ပြောကြားလိုက်သည်။
‘‘ကျွန်တော်ရွေးကောက်ပွဲ ၀င်ဖို့ မရှိပါဘူး’’ဟု မတ်လ ၁၇ ရက် တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမစတင် မီ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက ဆက်လက်၍ ‘‘ကျွန် တော်က ဘာမှ နိုင်ငံရေးမျှော်မှန်း ချက်မရှိပါဘူး။ ပေးတဲ့တာဝန်ကို အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်တာ။ ဒါကြောင့်မို့ ကျွန်တော့်မှာ ၂၀၁၅ အလွန်မှာ ဘာလုပ်မယ်ဆိုတာ မရှိပါဘူး’’ဟု ပြောသည်။
လက်ရှိအချိန်တွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန် ယူထားပြီး ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး ရဲထွဋ်သည် တပ်မတော်တွင် ဒု ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာနတွင် ဒုညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒု ၀န်ကြီးစသည့် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ခ)တွင် နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲ ကဖြစ်စေ၊ လွှတ်တော်ကိုယ်စား လှယ်မဟုတ်သူများထဲက ဖြစ်စေ သတ်မှတ်ထားသည့် အရည်အ ချင်းများနှင့် ပြည့်စုံသော သင့် လျော်သည့် ပုဂ္ဂိုလ်များကို ရွေး ချယ်ရမည်ဟု ဖော်ပြထားသည်။
http://7daydaily.com/story/33970#.VQjm4vAYuM8

No comments:
Post a Comment