March 5, 2015

ဘုရားပွဲတော်များတွင် တယ်လီနောအရောင်းစင်တာများ ဖွင့်မည်

မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရားပွဲတော်များတွင် အရောင်းစင်တာများဖွင့်လှစ်ကာ ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။
ဘုရားပွဲများတွင် အရောင်းစင်တာများဖွင့်လှစ်ကာ ဆင်းမ်ကတ်နှင့် ဟန်းဆက်များရောင်းချပေးခြင်း၊ လိုအပ်သည့် ၀န်ဆောင်မှုများပေးခြင်းတို့အပြင် လူပျောက်ခြင်းနှင့် ပစ္စည်းပျောက်ခြင်းတို့အတွက် လုံခြုံရေးများကို တိုင်ကြားနိုင်စေရန် အရေးပေါ်ဖုန်းနံပါတ်များထားရှိပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာက ဆိုသည်။
‘‘ဘုရားပွဲမှာ ဆင်းမ်ကတ်နဲ့ ဟန်းဆက်တွေကို လုံခြုံရေးလုပ် နေတဲ့ ရဲဝန်ထမ်းတွေနဲ့ ဂေါပက အဖွဲ့ကို ပေးလှူသွားမှာဖြစ်ပြီး အဲဒီထဲက နံပါတ်တွေကို အရေးပေါ်ဖုန်းနံပါတ်တွေအနေနဲ့ ပွဲလာတဲ့ လူတွေသိအောင် ကြေညာပေး သွားပါမယ်။ လူပျောက်တာနဲ့ ပစ္စည်းပျောက်တာတွေအတွက် ဖုန်းဆက်ပြီး အကူအညီတောင်း နိုင်မှာ ဖြစ်ပါတယ်’’ဟု တယ်လီနောမြန်မာ၏ အမှတ်တံဆိပ်နှင့် ကြေညာဌာနမှ အကြီးတန်းတာဝန်ခံဦးနေမျိုးထွန်းကပြောသည်။
အဆိုပါအစီအစဉ်ကို ပထမဦးဆုံးအနေဖြင့် မကွေးတိုင်းဒေသကြီးရှိ ရွှေစက်တော်ဘုရားပွဲတော်တွင် မတ်လ ၁ ရက်မှ ၄ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဘုရားပွဲကျင်းပမည့် ဧရိယာများအတွင်း၌ နှစ်ရှည်တာဝါတိုင်များ မတည်ဆောက်ရသေးသော်လည်း ယာယီမိုဘိုင်းတာဝါများဖြင့် တည်ဆောက်ကာ ၀န်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မနှစ်က ရွှေစက်တော် ဘုရားပွဲကို ကျွန်တော့်ရဲ့ မြန်မာသူငယ်ချင်းတွေနဲ့အတူ သွားလည်ခဲ့တယ်။ ဒီလိုဘုရားပွဲတွေမှာ လူတွေအများကြီးလာတာတွေ့ရတဲ့အတွက် မြန်မာလူမျိုးတွေအ တွက် ဘုရားပွဲတော်တွေက ဘယ်လောက်အရေးကြီးလဲဆိုတာကိုနားလည်စေခဲ့တယ်’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ပီတာဖားဘတ်က ဆိုသည်။
ထို့နောက် ဒုတိယအကြိမ်အနေဖြင့် မတ်လကုန်တွင် ကျင်း ပမည့် ပဲခူး၊ ရွှေမော်ဓောဘုရားပွဲတွင်လည်း အထက်ပါအစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အခြားသော မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရားပွဲများတွင်လည်း ယခုကဲ့သို့အစီအစဉ်များဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/33027#.VPfcE44YuM8

No comments:

Post a Comment