November 12, 2014

မော်လမြိုင်မြို့၌ စက်မှုဇုန်အသစ် အကောင်အထည်ဖော်မည်




မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာရှိ မြေ ဧက ၃၀၀ ပေါ်တွင် ကျောက်တန်းစက်မှုဇုံ(မော်လမြိုင်)ကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဟု မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးလှရှိန်ကပြောသည်။
ကျောက်တန်းကျေးရွာ၌အကောင်အထည်ဖော်မည့်စက်မှုဇုန်မြေနေရာသည် ယခင်ကလယ်ယာမြေဖြစ် သော် လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ လယ်ယာမြေကို အခြားမြေအဖြစ် အသုံးပြုခွင့် လ/န ၃၉ ထုတ်ပေးခဲ့သောကြောင့် စက်မှု လုပ်ငန်းလုပ်ကိုင်လိုသူများသည် လယ်မြေပိုင်ရှင်များထံမှ တိုက်ရိုက်ဝယ်ယူခွင့်ရရှိခဲ့ပြီး မြေတစ်ဧကလျှင် ကျပ်သိန်း ၂၀၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေပြီး လက်ရှိအချိန်၌ မြေဧက ၃၀ ခန့်သာကျန်ရှိတော့ကြောင်း ဥက္ကဌ ဦးလှရှိန်ကပြောသည်။ ”စက်မှုဇုန်ကို လာမယ့်နှစ် ဧပြီ၊ မေလလောက်မှာ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေကို  အပြီးသတ်ဆောင်ရွက်သွားမှာပါ။ လာမယ့်ပွင့်လင်းရာသီဆိုရင် စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင် ရွက်နိုင်ပါပြီ” ဟု ၄င်းကပြောသည်။
စက်မှုဇုန်မြေကွက်ဝယ်ယူထားသူများအနေဖြင့် စက်မှုဇုန်အကောင်အထည်ဖော်ရေးလုပ်ငန်းများအတွက် ကျပ်သိန်း ၁၇၀ ကို အရစ်ကျစနစ်ဖြင့် စက်မှုဇုန်ဖြစ်မြောက်ရေးကော်မတီသို့ ပေးသွင်းရမည်ဖြစ်ကြောင်း စက်မှုဇုန် အကောင်အထည်ဖော်ရန်အတွက် စက်မှုဇုန်လမ်းဖောက်လုပ်ရေး၊ မြေသားမြှင့်တင်ပြုပြင်ရေး၊ လျှပ်စစ်မီးရရှိရေးအတွက် ကုမ္ပဏီများကိုတင်ဒါခေါ်ယူထားရာတွင် ကုမ္ပဏီပေါင်း ၁၃ ခု လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။
http://shwesathtagan.com/%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%9C%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%81%8C-%E1%80%85%E1%80%80%E1%80%B9%E1%80%99%E1%82%88/

No comments:

Post a Comment