November 26, 2014

ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်သင့်ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြား

ဒေါ်အောင်ဆန်းစု ကြည်ကို သမ္မတမဖြစ်နိုင်ရန်အ ဟန့်အတားဖြစ်နေသည့် အခြေခံ ဥပဒေပုဒ်မ၅၉(စ)နှင့် တပ်မတော် အပေါ် ပြည်သူများက ယုံကြည် ရန် အခြေခံဥပဒေပုဒ်မ ၄၃၆တို့ကို ပြင်ဆင်သင့်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစံပြည့်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ပုဒ်မ ၄၃၆အရ တပ်မတော် က သဘောမတူလျှင်မည်သည့် ပုဒ်မမျှပြင်ဆင်၍ မရတော့သဖြင့် ပိတ်ဆို့တားဆီးသကဲ့သို့ဖြစ်နေ သည့်အတွက် တပ်မတော်အပေါ် ပြည်သူများအထင်အမြင်မှားစေ သည့် ပြဋ္ဌာန်းချက်တစ်ခုဖြစ်နေ သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အ ထည် ဖော်မှုကော်မတီအတွင်းရေးမှူး လည်းဖြစ်သူ ဦးစံပြည့်ကပြော သည်။
‘‘၎င်းပါတီအနေနဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ အခွင့်အ ရေးကို စဉ်းစားတာမဟုတ်ဘဲ ပြည်သူများရဲ့ မူလအခွင့်အရေး ကို စဉ်းစားတဲ့အတွက် ပြင်ဆင် ပေးသင့်ကြောင်း အကြံပြုလို ပါတယ်’’ဟု ပြောကြားပြီး ပုဒ်မ ၅၉(စ)နှင့် ပတ်သက်၍လည်း လွှတ်တော်က ပြင်ဆင်နိုင်ရန် ဆုံးဖြတ်ဆောင်ရွက်သင့်သည်ဟု ဦးစံပြည့်က ပြောခဲ့သည်။
ထို့အပြင် ဒုသမ္မတရွေးချယ် ရာတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်နိုင်သည်ဆိုသည့်ပုဒ်မနှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များကို ကိုယ်စားလှယ်များက ခန့်အပ်ရန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့ကို သမ္မတက ခန့်အပ်သည့်ပုဒ်မများကို ပြင်ဆင်သင့်သည်ဟု ပါတီအား ကိုယ်စားပြု၍ပြောကြားခဲ့သည်။
ယနေ့အချိန်ထိ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးအစီရင်ခံ စာအပေါ် လွှတ်တော်ကိုယ်စား လှယ် ၁၂၀ဦးခန့်က ဆွေးနွေးခဲ့ရာ တွင် အများစုဆွေးနွေးကြသူများ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့်တပ်မတော်သားအစု အဖွဲ့မှ ကိုယ်စားလှယ်များသာဖြစ် ပြီး တိုင်းရင်းသားပါတီများနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် အနည်းစုသာ ဆွေးနွေးမှုတွင်ပါ ၀င်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏ တရား ၀င်သဘောထားမှာ ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ ၄၃၆ကိုအခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြင်ဆင် သည်ဟုပြောကြားထားခြင်းဖြစ် သည်။
http://7daydaily.com/story/25622#.VHQL8lcYuM8

No comments:

Post a Comment