November 26, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မပါဝင်နိုင်ခြင်းမှာ မည်သည့်ဘက်ကမှ မဖိတ်၍ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲများ တွင် ပါဝင်ခြင်းမရှိသည်မှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက်စလုံးကဖိတ်ကြားခြင်းမရှိ၍ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဗီအိုအေသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဒေါ်အောင် ဆန်းစုကြည်က အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ၎င်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စများ တွင် မပါဝင်မှုနှင့် စပ်လျဉ်းသော မေးခွန်းကို ယင်းကဲ့သို့ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ‘‘ကျွန်မတို့ကိုပါဝင်ဖို့ လည်း မဖိတ်ခဲ့ဘူးလေ။ အဲဒါ ကြောင့်မို့လို့ ကျွန်မတို့က လေး ပွင့်ဆိုင်မှာဆိုရင် ဟိုလူထားပစ်ခဲ့ တယ်၊ ဒီလူထားပစ်ခဲ့တယ်လို့ ပြောပေမယ့် ကျွန်မတို့က ဒီအပစ် အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ဘာလို့မပါရတာလဲလို့ ကျွန်မတို့မပြောပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေက၊ အဖွဲ့အစည်းတွေ က အချင်းချင်းဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီမှုယူချင်တယ်ဆိုပြီး ကြိုးစား နေတဲ့အချိန်မှာ ကျွန်မတို့မပါရ ကောင်းလားဆိုပြီး ကျွန်မတို့ တစ် ခါမှ မပြောပါဘူး။ ဘာဖြစ်လို့ မပါရတာလဲလို့ မေးလို့ရှိရင်တော့ ကျွန်မတို့ရှင်းရှင်းပဲပြောပါတယ်။ ဟိုဘက်၊ ဒီဘက်နှစ်ဖက်စလုံးက မဖိတ်ဘူး။ ဖိတ်ရင်တော့ ပါရမှာ ပေါ့။ ကျွန်မတို့က ဖိတ်ရင်လည်း ပါဖို့ အဆင်သင့်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အပစ်အခတ်ရပ်စဲရေး ဆိုတာဟာ နောင်ငြိမ်းချမ်းရေး အတွက် အရေးကြီးတဲ့ကိစ္စဖြစ် လို့။ ဒါပေမဲ့တစ်ဖက်နဲ့ တစ်ဖက် ဆွေးနွေးပြီးတော့ အဖြေရှာနေတဲ့ အချိန်မှာ ကျွန်မတို့မပါရကောင်း လားဆိုတာ ကျွန်မတို့အတွက် နံပါတ်(၁) မဟုတ်ပါဘူး။ ဒီဆွေး နွေးနေတဲ့ သူတွေက ပြည်သူ့အ တွက် ငြိမ်းချမ်းရေးရနိုင်မယ်ဆိုလို့ ရှိရင် ကျွန်မတို့အနေနဲ့ အင်မတန် မှပဲ ၀မ်းသာမှာဖြစ်ပါတယ်’’ဟု ပြောသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်း ဆောင်များက အပစ်ရပ်သဘော တူညီချက်စာချုပ်လက်မှတ်ရေး ထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါဝင်သင့်ပါဝင်ထိုက်သူအား လုံးကို ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်  ငန်းစဉ်လိုအပ်ချက်များနှင့် ပတ် သက်၍လည်း ‘‘နောက်ဆုံးကျ တော့ အခြေခံအားဖြင့် ယုံကြည် မှုပေါ့နော်။ ဟိုဘက်၊ ဒီဘက် အပြန်အလှန်ယုံကြည်မှုခိုင်မြဲ သွားပြီဆိုလို့ရှိရင်တော့ သိပ်ပူစရာမရှိတော့ဘူး။ ဒါပေမဲ့ ဒီလို ယုံကြည်မှုမခိုင်မြဲသရွေ့တော့ ဒီလိုပဲအတက်အကျတွေကတော့ ရှိနေမှာပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
http://7daydaily.com/story/25621#.VHQL_1cYuM8

No comments:

Post a Comment