ရန်ကုန်ဘူတာကြီးအနီးရှိ ရိုးမဘဏ် (ဓာတ်ပုံ - နစ်ကီ)
ရိုးမဘဏ်သည် ကမ္ဘာ့ ဘဏ်အဖွဲ့ဝင်ဖြစ်သော နိုင်ငံ တကာဘဏ္ဍာရေး ကော်ပိုရေး
ရှင်း (IFC) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိ အသေးစားနှင့် အ
လတ်စားလုပ်ငန်းများကို ချေးငွေ ထုတ်ပေးခြင်းဖြင့် အသေးစား၊
အလတ်စားလုပ်ငန်းဘဏ်အဖြစ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ လိုအပ်နေသော အရင်းအနှီးများကို ထုတ်ချေးခြင်း ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်မှုအတွက် အထောက်အကူ ပြုပြီး နယ်ပယ်တစ်ခုအပေါ်တွင် အာရုံစိုက်လုပ်ဆောင်ကာ တာဝန်အသိဆုံးဘဏ်လုပ်ငန်း ဖြစ်လာရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရိုးမဘဏ်အုပ်စု၏ ကုမ္ပ ဏီ ဖြစ်သည့် FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ဆိုသည်။
ကုန်သွယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လက် လီရောင်းချသော ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍမှလုပ်ငန်းများပါဝင်မည်ဖြစ် သည်။ ‘‘အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေရဲ့ အောင်မြင်မှု ကို ထောက်ပံ့ပေးနိုင်တဲ့ ဘဏ်ဖြစ် ချင်ပါတယ်။ တစ်ကမ္ဘာ့လုံးကို ကြည့်ရင် စီးပွားရေးရဲ့ တကယ့် ကျောရိုးက အသေးစား၊ အလတ် စားလုပ်ငန်းတွေပဲ။ ကုမ္ပဏီကြီး တွေက နိုင်ငံတစ်ခုရဲ့ စီးပွားရေး မှာ လုပ်ပေးတာက အနည်းစုပါ။ SME တွေက နိုင်ငံတစ်ခုရဲ့ စီးပွားရေးကဏ္ဍကို ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်’’ ဟု ဦးသိမ်းဝေက ပြောသည်။
ငွေချေးလိုသူသည် မှန်ကန် သော လုပ်ငန်းတစ်ခုကို လုပ်ကိုင် နေသူ (သို့မဟုတ်) သေချာသော လုပ်ငန်းလုပ်ကိုင်မည့်သူ ဖြစ်ရမည် ဖြစ်ပြီး မိမိလုပ်ငန်းတွင် စီမံအုပ်ချုပ်မည့်သူ၏ အခြေအနေများနှင့် ချေးယူလိုသူက လုပ်ငန်းမှရသည့် အကျိုးကို ပြန်ဆပ်မည့်ပုံစံနှင့် ဆပ်နိုင်မည့်အခြေအနေပေါ်မူတည်ကာ ချေးငွေထုတ်ပေးသွားမည်ဟု ဦးသိမ်းဝေကဆိုသည်။
ရိုးမဘဏ်သည် IFC နှင့် ယခုကဲ့သို့ ပူးပေါင်းလုပ်ဆောင်မှု အတွက် နိုင်ငံတော်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဘဏ်လုပ်ငန်း များတွင် ၀င်ရောက်လုပ်ကိုင်ခွင့် ပြုပြီဆိုပါက IFC ကို ရှယ်ယာ ရှင်အဖြစ် ၀င်ရောက်ခွင့်ပြုမည် ဟု ကတိပေးထားရကြောင်း သိရ သည်။
ပြည်တွင်းငွေလွှဲပို့ခြင်း တစ် ခုတည်းကိုသာ လုပ်ကိုင်နေသော ရိုးမဘဏ်သည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကုန်၏ နောက်ဆုံး သုံး လပိုင်းရောက်မှ ငွေချေးခြင်းနှင့် သုံးစွဲသူဘဏ္ဍာရေး ၀န်ဆောင် မှုတို့ အပါအ၀င် ဘဏ်လုပ်ငန်း များကို အပြည့်အ၀ပြန်လည် လုပ်ဆောင်လာခဲ့သည်။
ရိုးမဘဏ်သည် ဘဏ်၏ အမှတ်တံဆိပ်ကိုလည်းယခင် ‘‘ရိုးမဘဏ် သင့်ဘဏ်’’အစား ‘‘ရိုးမဘဏ်၊ တာဝန်သိသော ဘဏ်’’ အဖြစ် ပြောင်းလဲသတ် မှတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ရိုးမ ဘဏ်သည် အမြတ်ဝေစု ကျပ် ၁ ဒသမ ၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
FMI ကုမ္ပဏီအုပ်စုသည် လက်ရှိတွင် ရိုးမဘဏ်၌ အစု ရှယ်ယာ ၃၆ ရာခိုင်နှုန်းသာ ပိုင် ဆိုင်ထားပြီး ၁၆ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်ဝယ်ယူကာ ၅၁ ရာခိုင်နှုန်း ရရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
http://7daydaily.com/story/25603#.VHQMSlcYuM8

No comments:
Post a Comment