November 26, 2014

ဇာတိမြေတွင် တည်ထားသည့် စေတီ ထီးတော်တင်ရန် သမ္မတဦးသိန်းစိန် ပုသိမ်မြို့သို့ သွားရောက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပုသိမ်မြို့သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ- သက်ဆွေ)
ပုသိမ်− နိုင်ငံတော်သမ္မတဦး သိန်းစိန်သည် ၎င်း၏ ဇာတိမြေ ငပုတောမြို့နယ်၊ ကျုံကူးကျေး ရွာတွင် တည်ထားသည့် စေတီ တော်အား ထီးတော်တင်ရန် နိုဝင်ဘာ ၂၄ ရက်က ပုသိမ်မြို့သို့ ရောက်ရှိလာခဲ့သည်။
ကျုံကူးကျေးရွာရှိ ဓမ္မပါလ ဘုန်းကြီးကျောင်းဝင်းအတွင်း ဉာဏ်တော် ၁၈ တောင်ရှိ သမုဒ္ဒရံသီစေတီတော်အား တည်ထားပြီးစီး၍ နိုဝင်ဘာ ၂၅ ရက်တွင်အဆိုပါစေတီတော် ထီးတော်တင် ဌာပနာပိတ်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
‘‘သမ္မတကြီးက ကျုံကူးကို နဂိုကလည်း လာဖူးပါတယ်။ ဒါ ပေမဲ့ သမ္မတဖြစ်ပြီးနောက်ပိုင်း ခုလို နိုင်ငံတော်အခမ်းအနားနဲ့ လာတာကတော့ ပထမဦးဆုံး အကြိမ်ပါ။ ဘုရားထီးတင်ပွဲဆိုတော့ ပျော်ပွဲရွှင်ပွဲတွေလည်းပါတော့ ဒေသခံတွေလည်းပျော်ကြတာပေါ့’’ဟုကျုံကူးကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးမင်းမင်းမှပြောပြသည်။
 နိုင်ငံတော် သမ္မတသည် ပုသိမ်မြို့သို့လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် အနောက် တောင်တိုင်းစစ်ဌာနချုပ် မြဧရာခန်းမရိပ်သာတွင် ခေတ္တတည်းခိုကာ ငယ်စဉ်ကျောင်းသားဘ၀က ပညာသင်ယူခဲ့သည့် ပုသိမ်အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအား ၎င်းကိုယ်တိုင်လှူဒါန်းပြုပြင်မွမ်းမံထားမှုများကို သွားရောက်ကြည့်ရှုမည်ဟုသိရသည်။ ယင်းအပြင် ပုသိမ်မြို့လယ်ရှိ ရွှေမုဌောစေတီတော်အားသွားရောက် ဖူးမြော် ကြည်ညိုရန် စီစဉ်ထားကြောင်းသိရသည်။
နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် သာသနာရေးဝန်ကြီးဌာန၊ ပြန် ကြားရေးဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်း မာရေးဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းဝန်ကြီးဌာနတို့မှ ၀န် ကြီး၊ ဒုတိယ၀န်ကြီးများလိုက်ပါ လာခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဒေသတွင်းရှိဌာနဆိုင်ရာ များသို့ သွားရောက်ရန်စီစဉ်ထား ကြောင်း သိရသည်။

No comments:

Post a Comment