ထားဝယ် မြို့အကွက်အကွင်းကောင်းသော နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
ထားဝယ်− ထားဝယ်မြို့ စည်ပင် သာယာနယ်နိမိတ်အတွင်းရှိ မြေ များအနက်
ဂရန်လျှောက်ထားခွင့် ရှိသောမြေများကို မြေဂရန်ပြုလုပ် ပေးနေပြီဖြစ်ကြောင်း
သတင်းရရှိ သည်။
ထားဝယ်မြို့စည်ပင်သာ ယာရေး နယ်နိမိတ်အတွင်းရှိ လယ်ယာ ဥယျာဉ်ခြံမြေမဟုတ် ကြောင်း ထောက်ခံထားပြီးသော မြေများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပုံမှန်အားဖြင့် ရက် ပေါင်း ၄၀ ခန့်ကြာမြင့်ကြောင်း သိရသည်။
ယင်းသို့ လူနေအိမ်ခြေများ တည်ဆောက်ထားသော်လည်း အခြားနည်းအသုံးပြုခွင့်မရသေး ပါက မြို့နယ်မြေစာရင်းရုံးတွင် မြေပိုင်ရှင်ကိုယ်တိုင် ပုံစံ ၁၄ ထုတ်ယူကာ လယ်မြေမဟုတ်ကြောင်း ထောက်ခံချက်ရရန် ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
အဆိုပါ မြေယာများကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားရာတွင် ဥယျာဉ်ခြံမြေဖြစ် ပါက တိုင်းဒေသကြီး မြေယာ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီ မှ ဆောင်ရွက်ပေးနိုင်သော်လည်း လယ်ယာမြေများကို လျှောက် ထားပါက ဗဟိုမြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။
‘‘မြို့ပြမြေအဖြစ် သတ်မှတ် ထားတဲ့ မြေတွေက လယ်မြေဖြစ် ဖြစ်၊ ဥယျာဉ်ဖြစ်ဖြစ် မြေငှားဂရန် တစ်ခါတည်းလျှောက်ထားနိုင်ပါ တယ်’’ဟု ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူးက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် လူနေ အိမ်ခြေများ တည်ဆောက်ထား သည်မှာ ကြာမြင့်နေပြီဖြစ်သော် လည်း မြေငှားဂရန်မရသေးသော ဧရိယာများ ရှိနေသေးကြောင်း သိရသည်။
ထားဝယ်တွင် ယခင်မြို့ ဧရိယာအပြင် ဝဲကျွန်းရပ်ကွက် အနီးရှိ လယ်မြေဧက ၇၀၀ ကို တိုးချဲ့မြို့သစ်နှင့် ဆန်းချီရပ်ကွက် အနီးရှိ လယ်မြေဧက ၃၀၀ ကို မြို့ပြစီမံကိန်းအဖြစ်ဆောင်ရွက် ရန် အခြားနည်းအသုံးပြုခွင့်ဖြင့် ၁၉၉၀ ပြည့်နှစ်တွင် မြို့သစ်ဧရိ ယာထပ်မံတိုးချဲ့ခဲ့ကြောင်း သိရ သည်။ အဆိုပါမြို့ပြစီမံကိန်းဧရိ ယာအတွင်း လယ်မြေများ သိမ်း ဆည်းခံရသော တောင်သူများ အား အစားထိုးမြေကွက်များ ပြန် လည်ပေးအပ်ရာတွင် အစုလိုက် မြေငှားဂရန်များပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment