အိုဘားမားခရီးစဉ်လုံခြုံရေးအတွက်
တာဝန်ထမ်းဆောင်နေသော အမေရိကန် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို
နေပြည်တော်လေဆိပ်တွင် နိုဝင်ဘာ ၁၂ ရက်ညက တွေ့ရစဉ် (ဓာတ်ပုံ −
ဂျေမောင်မောင်(အမရပူရ))
အမေရိကန်သမ္မ တအိုဘားမားတက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေး အတွက် အမေရိကန်ရေတပ်စစ် သင်္ဘောနှင့် တပ်မတော်(ရေ) ဖရီးဂိတ် စစ်ရေယာဉ်တို့ ပူး ပေါင်း၍ ရခိုင်ကမ်းရိုးတန်းတွင် ကင်းလှည့် သွားလာနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။
‘‘သမ္မတလုံခြုံရေးအတွက် လာတာ။ မနေ့ညနေက ရောက်တယ်။ ရခိုင်ကမ်းခြေဘက်မှာကင်းလှည့်နေတယ်’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးကပြောကြားသည်။အမေရိကန်ရေတပ်မှ စစ် ရေယာဉ် USS Peleliu (LHA-5) နှင့်အတူ မြန်မာ့တပ်မတော် (ရေ)မှ ကိုယ်ပျောက်စစ်ရေယာဉ် ဖြစ်သော ဖရီးဂိတ် F-23 တစ်စီး နှင့် စစ်ရေယာဉ်နှစ်စီးလည်း ရခိုင် ကမ်းရိုးတန်းပင်လယ်ပြင် ဘင်္ဂ လားပင်လယ်အော်၌ စတင်လှုပ် ရှားနေကြပြီဖြစ်သည်။
USS Peleliu (LHA-5) မှာ Tarawa-class ကုန်း၊ ရေနှစ် သွယ်စစ်ဆင်ချေမှုန်းရေး သင်္ဘောဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလ အတွင်းက Peleliu တိုက်ပွဲကို အကြောင်းပြု၍ ယင်းအမည်တွင် ခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်၊ ၂၀၁၂ နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် သမ္မတအိုဘားမားမြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်စဉ် ကလည်း အမေရိကန်ရေတပ်မှ စစ်ရေယာဉ်သည် မုတ္တမပင် လယ်ကွေ့သို့ ရောက်ရှိလာခဲ့သည်။
နေပြည်တော်ထိပ်သီး အစည်းအဝေးသို့လာရောက်မည့် အာဆီယံနိုင်ငံအသီးသီး၏ ခေါင်း ဆောင်များ၊ အာဆီယံအပေါင်း ရှစ်နိုင်ငံမှ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်နှင့် ရဲ မှူးကြီးများက တာဝန်ယူဆောင်ရွက်နေသည်။
‘‘နိုင်ငံအလိုက် ခေါင်းဆောင်တစ်ယောက်စီကို ရဲမှူးကြီးတွေ ကိုယ်တိုင်လုံခြုံရေးတာဝန်ယူနေ ပါတယ်။ တချို့အပိုင်းတွေမှာ တပ်မတော်က ပူးပေါင်းဆောင် ရွက်နေတာမျိုးလည်းရှိတယ်’’ဟု ယင်းအော်ပရေးရှင်းကို ဦးစီးကွပ် ကဲသူ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောသည်။
နေပြည်တော်တွင် ကျင်းပ နေသည့် အာဆီယံအစည်းအဝေး ကာလအတွင်း လုံခြုံရေးအတွက် အာဆီယံလုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းထားသကဲ့သို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးပေါင်းဆောင်ရွက် နေပြီး အပြည်ပြည်ဆိုင်ရာရဲတပ် ဖွဲ့(အင်တာပိုလ်)နှင့်လည်း ပူး ပေါင်းထားကြောင်း သိရသည်။ လက်ရှိတွင် လုံခြုံရေးကို အမြင့် ဆုံးအနေအထား အနီရောင်အ ဆင့် သတ်မှတ်ဆောင်ရွက်နေ သည်ဟုဆိုသည်။
http://7daydaily.com/story/24803#.VGQYCVcYuM8
No comments:
Post a Comment