November 14, 2014

အာဆီယံထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်စွာ ၀န်ထမ်းများ လစာတိုးရေးအရေးကြီးအဆို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တင်သွင်း

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန် ထမ်းများ၊ တပ်မတော်သားများ အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၏လစာစရိတ်များ တိုးမြှင့်သတ်မှတ် ပေးရေးကို အရေးကြီးအဆိုအဖြစ် နိုဝင်ဘာ ၁၂ ရက်က ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်သို့ အာဏာရပါတီဖြစ်သော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကိုယ်စားလှယ်တစ်ဦးက တင်သွင်း လိုက်သည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အရေးကြီးအဆို တင်သွင်းသည့်နေ့ရက်သည် အမေရိကန်သမ္မတအိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် အချို့ တက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်တွင် စတင်ကျင်းပသည့်နေ့လည်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင် များ၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို မျှတစွာ ပြင်ဆင် သတ်မှတ်ပေးရေးတို့လည်း အဆို တွင် ပါဝင်သည်။
ထို့ပြင် အလုပ်သမားများ သင့်တင့်မျှတသော အနိမ့်ဆုံးလုပ် ခလစာရရှိရေးအတွက် လိုအပ် လျက်ရှိသည့် နည်းဥပဒေ၊ စည်း မျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန် သတ်မှတ်ပေးရေး၊ တောင်သူလယ်သမားများဘ၀ တိုးတက်ရေးအတွက် တောင်သူ လယ်သမားများ အခွင့်အရေးကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဥပဒေနှင့်အညီ လွှဲအပ် သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန် သတ်မှတ်ပေးရေးကိုလည်း အဆို တစ်ခုတည်းတွင် ထည့်သွင်းကာ တင်သွင်းခဲ့သည်။
အဆိုပါအရေးကြီးအဆို တွင် ၀န်ထမ်းများလစာတိုးပေး ရေးကိစ္စ၊ ဥပဒေများထုတ်ပြီးသည့် အခါ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို အချိန်မီထုတ် ပြန်ရေးကိစ္စနှင့် ပြည်သူ့ကိုယ်စား လှယ်များ၏ ချီးမြှင့်ငွေကိစ္စရပ် များဆိုသည့် အကြောင်းအရာ သုံး ခု ပါဝင်နေပြီး ၎င်းအကြောင်းအ ရာ သုံးခုသည် တူညီခြင်းမရှိသည့် အတွက် အဆိုတစ်ခုတည်းတွင် ထည့်သွင်းထားခြင်းသည် ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်များ တိတိကျကျ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချရေး ခက်ခဲ ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကပြည်ထောင်စုလွှတ်တော်သို့  တင်ပြခဲ့သည်။
‘‘ကျွန်မအနေနဲ့ ဒီအဆိုကို ကန့်ကွက်တာမဟုတ်ပေမယ့် ဒီ အဆိုကို အကြောင်းအရာ သုံးခု ပေါ်မှာ အခြေခံပြီးတော့ ခွဲခြားပြီး တော့ ဆွေးနွေးတာဟာ သင့်တော် မယ်ထင်လို့ တင်ပြခြင်း ဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြမှုကို သဘောတူထောက်ခံကြောင်းနှင့် ဦးဇော်မြင့်ဖေ၏အဆိုမှာ ရှုပ်ထွေးနေကြောင်း သတင်းထောက်များအား ပြောသည်။
ယင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဝင်းမြင့်က ထောက်ခံဆွေးနွေးပြီး ပြည် ထောင်စုလွှတ်တော်ကလည်း အ ဆိုကို အတည်ပြုပေးခဲ့သည်။
နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်မှုကြောင့် ဖြစ်ပေါ်လာနိုင် သော ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်အားပြောကြားခဲ့သည်။
http://7daydaily.com/story/24802#.VGQYEVcYuM8

No comments:

Post a Comment