တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် အသိ
သက်သေအဖြစ် ပါဝင်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
မြန်မာအစိုးရသို့ ပန် ကြားပေးရန် အမေရိကန်သမ္မတ အိုဘားမားထံ ကချင်အဖွဲ့အစည်း
များအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်း ၂၈ ခုက တိုက်တွန်းလိုက် သည်။
အမေရိကန် အစိုးရအနေ ဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်
လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် ဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်
တက်ကြွစွာ ပါဝင် ဆောင်ရွက်ပေးရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများက နိုဝင်ဘာ၁၁
ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တစ်
နိုင်ငံလုံးအပစ်အခတ်ရပ် သဘောတူညီချက်ရေးထိုးပြီး ဆက်လက် ပြုလုပ်မည့်
နိုင်ငံရေးဆွေးနွေးပွဲ များတွင် အမေရိကန်ပြည်ထောင် စုအနေဖြင့် အသိသက်သေအ
ဖြစ်ပါဝင်ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍လည်း ယင်းအခြေခံဥပဒေသည်
ဒီမိုကရေစီနည်းလမ်းနှင့် မကိုက်ညီဘဲ လူနည်းစုတိုင်းရင်းသားမျိုးနွယ်စု
များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ရပိုင် ခွင့်များကို လျစ်လျူရှုထားသည့်
ဥပဒေဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပြင်ဆင်ရေးဆွဲရေးသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် သက်ရောက်မှုရှိ
မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအ၀င် စိန်ခေါ်မှုများစွာ ကျန် ရှိနေသေးသော
မြန်မာနိုင်ငံအနေ ဖြင့် ဒီမိုကရေစီလမ်းစဉ်သို့ သိမ် မွေ့စွာ
ကူးပြောင်းနိုင်ရန် မိတ်ဖက်အဖြစ် အမေရိကန်ပြည်ထောင် စုကိုလိုအပ်ကြောင်း
အရပ်ဘက် အဖွဲ့အစည်းများက ကြေညာ ချက်ထုတ်ပြန်တိုက်တွန်းထားသည်။
http://7daydaily.com/story/24799#.VGQYN1cYuM8
No comments:
Post a Comment