ပါတီ၏ဗဟို အတိုင်ပင်ခံတစ်ဦးဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သောင်းကို အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး
ပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း သတင်းထုတ်ပြန်မှုသည် ပါတီ၏ ဂုဏ်သိက္ခာနှင့်
ပုံရိပ်ကိုထိခိုက်သည့်အတွက် ယင်းထုတ်ပြန်ချက်ကိုကန့်ကွက်ကြောင်း
အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံ၌ ရောက်ရှိနေချိန်ဖြစ်သော နိုဝင်ဘာ ၁၄
ရက်တွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကသတင်းထုတ်ပြန်လိုက်သည်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့ ကန့်သတ်မှုထုတ်ပြန်ချက်သည် လူပုဂ္ဂိုလ်သာမက ပါတီ၏ဂုဏ် သိက္ခာနှင့်ပုံရိပ်ကိုပါ ထိခိုက်စေ နိုင်သည့်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမေရိကန်ပြည်ထောင်စုဘဏ္ဍာ ရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်ကိုကန့်ကွက်ကြောင်းနှင့် မဟုတ်မမှန်သတင်းပေးပို့သူများ ၏ လုပ်ဆောင်ချက်များကို ရှုတ် ချကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်၌ ပါရှိသည်။
ဦးအောင်သောင်းကို အမေ ရိကန်ပြည်ထောင်စုဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး၏ပိတ်ဆို့ကန့် သတ်ခံရသူများစာရင်းတွင် ပြီးခဲ့ သည့်အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ ထည့်သွင်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဦးအောင်သောင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ လက်ရှိမြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများကို နှေးကွေးအောင် ဟန့်တားခြင်း၊ လူထုအတွင်း အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်နေခြင်းဟူသော အကြောင်းပြချက်များဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက တားမြစ်ပိတ်ဆို့သည့်စာရင်း၌ ထည့်သွင်းထားခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဦးအောင်သောင်း သည် ပါတီကိုယ်စားပြု၍ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များ၊ အမျိုး သား ပြန်လည်သင့်မြတ်ပေါင်း စည်းရေးဆောင်ရွက်မှုများ၊ ပါတီ အချင်းချင်း သဟာဇာတဖြစ်ရေး၊ ပြည်သူလူထုစီးပွားရေးဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းများတွင် ကြိုးပမ်း ဆောင်ရွက်နေသူ ဖြစ်သည့် အတွက် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာန၏ စွပ်စွဲ ပြောဆို ထုတ်ပြန်ကြေညာချက် သည် လက်တွေ့နှင့် ကွဲလွဲနေ ကြောင်းပါရှိသည်။
အမေရိကန်နိုင်ငံက ဦးအောင်သောင်းကို ပိတ်ဆို့မှု၊ အရေးယူမှုအပေါ် ပြည်ထောင်စု လွှတ်တော်က အမေရိကန်အစိုးရ အား ကန့်ကွက်ရှုတ်ချကြောင်းကို လည်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်အများစု ပါဝင် သည့် ပြည်ထောင်စုလွှတ်တော် က နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအတိုင်ပင်ခံ တစ်ဦးဖြစ်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ်သည်။
http://7daydaily.com/story/24924#.VGrOAlcYuM8

No comments:
Post a Comment