November 19, 2014

ရန်ကုန်စာတိုက်ကြီး၌ MPT ဆင်းမ်ကတ်များ စတင်ရောင်းချ

ရန်ကုန်စာတိုက်ကြီးတွင် MPT ဆင်းမ်ကတ်များ ရောင်းချပေးနေစဉ် (ဓာတ်ပုံ - ထက်အာကာ)
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် ရန်ကုန်စာတိုက်ကြီး၌ WCDMA ဆင်းမ်ကတ်များကို နိုဝင်ဘာ ၁၄ ရက်မှ စတင်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။
ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စာတိုက် ကြီး၌ တစ်ရက်လျှင် WCDMA ဆင်းမ်ကတ် ၁၀၀ ရောင်းချလျက် ရှိပြီး တနင်္လာမှ သောကြာအထိ အစိုးရရုံးဖွင့်ရက်တိုင်းရောင်း ချပေးသွားမည်ဖြစ်ကြောင်း၊ နိုဝင် ဘာ ၁၄ ရက်မှစတင်၍ရက်အကန့် အသတ်မရှိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာတိုက်ကြီးတွင် ရောင်းချ နေသည့် မြန်မာ့ဆက်သွယ်ရေး မှ တာဝန်ရှိသူတစ်ဦးက ‘‘နိုဝင် ဘာ ၁၄ ရက်ကစရောင်းတယ်။ တစ်ရက်ကို ကတ် ၁၀၀ ရောင်းချ ပေးမယ်။ အမြဲတမ်းရောင်းချပေး ဖို့ရှိပါတယ်။ ရက်ကန့်သတ်ချက် မရှိပါဘူး။ တနင်္လာကနေ သောကြာအထိ အစိုးရရုံးဖွင့်ရက်တိုင်း ရုံးချိန်အတွင်း ရောင်းချပေး မှာပါ’’ဟု 7 DayDailyအားပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ရန်ကုန်စာတိုက် ကြီးသို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာ ဘေးရောက်ရှိပြီး နောက်တစ်ရက် တွင် အဆိုပါရောင်းချမှုကို စတင် ခဲ့ခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် သည်  ရန်ကုန်စာတိုက်ကြီးသို့ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီဝန်း ကျင်တွင် သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
ရောင်းချမှုပထမဆုံးနေ့တွင် ဆင်းမ်ကတ်တန်းစီခဲ့သူတစ်ဦးက ‘‘ဒီနေ့လာတန်းစီတာကို ၁၀၀ ကျော်တယ်။ မရတဲ့လူတွေလည်းရှိတယ်။ တခြားအခက်အခဲတော့ မရှိပါဘူး။ လူနည်းနည်းများတော့ တန်းစီရတာမလွယ်ဘူး။ နောက်နေ့တွေဆိုရင် ဒီနေ့ထက်ပိုပြီး လူပိုများမယ်ထင်တယ်’’ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ  ရန်ကုန်စာတိုက်ကြီးတွင် GSM နှင့် CDMA ဆင်းမ်ကတ် များမပါဝင်ဘဲ WCDMA ဆင်းမ် ကတ်တစ်မျိုးတည်းကိုသာ ရောင်း ချကြောင်း၊ တစ်ရက်လျှင်ဆင်းမ် ကတ် ၁၀၀ ရောင်းချပေးရာတွင် တိုကင်စနစ်ဖြင့်  ရောင်းချခြင်း ဖြစ်ပြီး လူတစ်ဦးလျှင် နိုင်ငံသားမှတ်ပုံတင်မူရင်း၊ မိတ္တူဖြင့် ဆင်းမ်ကတ်တစ်ခုသာရောင်းချပေးမည်ဖြစ်ကြောင်း၊ ဝယ်ယူပြီးသည့် ဆင်းမ်ကတ်ကိုအရောင်း ကောင်တာ၌ စမ်းသပ်ခေါ်ဆိုပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ စီးပွားရေးဌာန ဒါရိုက်တာ ဦးစောထူးသာက ‘‘ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင်ဆိုင်ခွဲတစ်ခုအနေနဲ့ ရန်ကုန်စာတိုက်ကြီးမှာ စပြီးဖွင့် လိုက်တဲ့သဘောပါ။ နောက်ထပ် လည်း ဆိုင်ခွဲတွေထပ်ပြီးဖွင့်သွား ပါဦးမယ်။ ကိုယ်ပိုင်ဆိုင်ခွဲတွေက နေ ဆင်းမ်ကတ်တစ်ခုကို ၁,၅၀၀ နဲ့ပဲ ရောင်းပေးသွားမှာဖြစ်တဲ့ အတွက် မှောင်ခိုဈေးကွက်ကို လည်း ထိန်းချုပ်ပြီးသားဖြစ်သွား ပါမယ်’’ဟု ပြောသည်။
http://7daydaily.com/story/24932#.VGrNylcYuM8

No comments:

Post a Comment