November 10, 2014

ပင်လယ်ပြင်တွင် မျောပါနေသော ရေလုပ်သား ၄၃၈ ဦးကို ကယ်တင်

ကယ်ဆယ်ခဲ့သော ရေလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ − Myanmar NAVY)
 မုန်တိုင်းအရှိန်ကြောင့် ကျားဖောင်များနှင့်အတူ ပင်လယ် ပြင်တွင် မျောပါနေသော ရေလုပ် သားများအား တပ်မတော်(ရေ)မှ လိုက်လံရှာဖွေကယ်ဆယ်နေရာ ဒုတိယနေ့အထိ ၄၃၈ ဦးကယ်ဆယ်ထားနိုင်ကြောင်း သတင်းရရှိသည်။ဖျာပုံနှင့် ဘိုကလေးမြို့နယ် တို့နှင့် ထိစပ်နေသော မြန်မာ့ ပင်လယ်ရေပြင်ပိုင်နက်မှ ရေလုပ် သားများ နိုဝင်ဘာ ၄ ရက်တွင် မုန်တိုင်းအရှိန်ကြောင့် ပင်လယ်အတွင်း မျောပါသွားခဲ့ခြင်းဖြစ်သည်။
လေဘေးရင်ဆိုင်ခဲ့ရသည့် ရေလုပ်သားအရေအတွက် အတိ အကျကို ဖျာပုံမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြောခြင်းမရှိ သော်လည်း ကျားဖောင်သုံးရာ ခန့် မျောပါသွားသောကြောင့် ရေ လုပ်သား ၉၀၀ ခန့်ပင်လယ်တွင်း မျောပါသွားနိုင်ကြောင်း ဒေသခံ ရေလုပ်ငန်းရှင်အချို့က ပြော သည်။ ကျားဖောင်တစ်ခုလျှင် ရေလုပ်သားသုံးဦး အလုပ်လုပ်ရ ကြောင်း သိရသည်။
ပျောက်ဆုံးရေလုပ်သားများ ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ရော၊ ညပါ ရှာဖွေနေကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/24605

No comments:

Post a Comment