November 12, 2014

အမေရိကန်ရင်းနှီးမြှုပ်နှံမှုအချို့ စင်ကာပူတစ်ဆင့်ခံ၍ ဝင်ရောက်လာခြင်းကြောင့် သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးဖြစ်နေ

အစိုးရသစ်တက်လာပြီးနောက်ပိုင်း အမေရိကန်ရင်းနှီးမြှုပ်နှံမှုအချို့ ပြည်တွင်း သို့ တိုက်ရိုက်ဝင်ရောက်လာမှုများရှိသကဲ့သို့ စင်ကာပူနိုင်ငံမှတစ်ဆင့်ခံ၍ ဝင်ရောက်လာခြင်းမျိုးလည်းရှိနေသောကြောင့် သုံးနှစ် တာကာလအတွင်း အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက စင်ကာပူနိုင်ငံသည် အများဆုံးဖြစ်နေကြောင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှရရှိ သောသတင်းများအရ သိရသည်။

“မြန်မာနိုင်ငံမှာ အာဆီယံရင်းနှီးမြှုပ်နှံ မှုပမာဏများပါတယ်။ ဟိုအရင်ကတည်းက အာဆီယံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက တရုတ် နိုင်ငံပြီးရင် ဒုတိယလောက်မှာရှိပါတယ်။ ဒီနှစ်ဆိုရင် အာဆီယံပိုတောင်များလာပါတယ်။ စင်ကာပူတို့ ထိုင်းတို့ မလေးရှားတို့ ကနေ ဝင်တာများတယ်။ အာဆီယံထဲမှာဆို ရင်တော့ လောလောဆယ် စင်ကာပူအများဆုံးပါ။ အရင်တုန်းကတော့ ထိုင်းများတယ်။ ဒါပေမဲ့ အကုန်ခြုံကြည့်လိုက်ရင်တော့ ထိုင်းက အများဆုံးဖြစ်နေတယ်။ အခု အစိုးရသစ် လက်ထက် သုံးနှစ်တာကာလအတွင်းမှာဆို ရင်တော့ စင်ကာပူကအများဆုံးပဲ။ ဟိုတယ်ပါတယ်။ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေပါတယ်။ လုပ်ငန်းတော်တော်အမျိုး အစားစုံလင်ပါတယ်”ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယခုနှစ် ပထမခြောက်လတာကာလ အတွင်း မြန်မာနိုင်ငံတွင် စုစုပေါင်းရင်းနှီး မြှုပ်မှုပမာဏ ၄ ဒသမ ၁၈၇ ဘီလျံအထိရှိ လာကြောင်း၊ ယင်းပမာဏသည် ဧပြီလမှ စက်တင်ဘာလကုန်အထိဖြစ်ပြီး မျှော်မှန်း ချက် ငါးဘီလျံပြည့်မီရန် အနည်းငယ်သာလို တော့ကြောင်း၊ လက်ရှိအချိန်တွင် ယခင်နှစ် က ရရှိခဲ့သောပမာဏကို ရောက်ရှိနေပြီဖြစ် ကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင်မူ တယ်လီကွန်း၊ စက်မှုလုပ်ငန်း၊ ဟိုတယ်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ နေကြောင်း၊ ထုတ်လုပ်မှုအပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ရာ ခိုင်နှုန်း ၂ဝ ဝန်းကျင်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံ တကာမှ စိတ်ဝင်စားမှုမြင့်တက်နေသော် လည်း လျှပ်စစ်မီးရရှိမှုအပါအဝင် အခြေခံ အဆောက်အအုံပိုင်းတွင် အားနည်းချက်များ ရှိနေသေးကြောင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူများက ထောက်ပြပြောဆိုမှုများလည်း ရှိ နေသည်။ အလားတူ ၂ဝ၁၅ တွင် ဖြစ်ပေါ် လာမည့် နိုင်ငံရေးအခင်းအကျင်းကိုလည်း စောင့်ကြည့်မှုများရှိကြောင်း သိရသည်။

“လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီး သူ တို့ဘက်ကပြောတာရှိပေမယ့် ဝင်တော့ ဝင် နေပါတယ်။ ဒါကလည်း နောက်သုံးနှစ် လောက်ဆိုရင်တော့ ပြည့်စုံသွားမယ်လို့မျှော် လင့်ပါတယ်။ အခုဟာက Project တော် တော်များများက တည်ဆောက်ဆဲဖြစ်ပါ တယ်။ လတ်တလောတော့ မပြည့်စုံသေးပါ ဘူး။ အခုလာလုပ်တဲ့သူတွေကလည်း သူ တို့စက်ရုံတွေပြီးမယ့်အချိန်လောက်နဲ့ လျှပ် စစ်ဓာတ်အားရမယ့်အချိန်လောက်ကို ချိန် ကိုက်ထားပြီးဝင်လာတာပါ။ ၂ဝ၁၅ ကို စောင့်ကြည့်တယ်ဆိုတဲ့အပိုင်းမှာ နိုင်ငံရေး အရကြည့်တာမျိုးက မရှိဘူးလည်းမဟုတ်ပါ ဘူး။ ဒါပေမဲ့ စီးပွားရေးသမား အများစုက တော့ နိုင်ငံရေးကို အများကြီးထည့်တွက်လေ့ မရှိပါဘူး”ဟု ဦးအောင်နိုင်ဦးက သုံးသပ် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများ အပြင် အီးယူနိုင်ငံအချို့နှင့် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအချို့လည်း ဝင်ရောက်လာ ကြောင်း၊ မကြာခင်က သီလဝါတွင်ဝင်ရောက် လာခဲ့သော ဘူးခွံထုတ်လုပ်ငန်းBallအပြင် GE၊ Coca Cola၊ Pepsi Cola၊ Colgateစသည့်လုပ်ငန်းများ ဝင်ရောက်နေပြီဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်လုပ် ငန်းရှင်များအနေဖြင့်  Sanctionအားလုံးဝ ကင်းလွတ်ခွင့်ပေးမထားသည့်အတွက်လာလုပ်ရန် အခက်အခဲလည်းရှိနေကြောင်း၊ အမေရိကန်စီးပွားရေးအသိုင်းအဝိုင်းမှ ဝင် လာချင်သော်လည်း အခြား Barriers များ ရှိနေသည့်အတွက် ဝင်ရောက်မှု နည်းနေ သေးကြောင်း၊ မကြာခင်က နယူးယောက် တွင် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပခဲ့ကြောင်း၊ အလားအလာကောင်းနိုင်သည်ဟုမျှော်လင့် ရကြောင်း၊ လက်ရှိအချိန်တွင်Sanctionသည် ဆိုင်းငံ့ထားသည့် သဘောသာရှိသေး ပြီး  Sanctionမှ လွတ်မြောက်သွားခြင်း မရှိသေးသည့်အတွက် လုပ်ငန်းရှင်များအခက် အခဲရှိကြောင်း၊ စင်ကာပူရင်းနှီးမြှုပ်နှံမှု မြင့် တက်နေခြင်းတွင် အချို့ အမေရိကန်ကုမ္ပဏီ များ စင်ကာပူတစ်ဆင့်ခံ၍ ဝင်ရောက်လာ ခြင်းသည်လည်း အကြောင်းရင်းတစ်ခုဖြစ် ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာလကုန်အထိ ရရှိထားသော ကိန်းဂဏာန်းများအရ စင် ကာပူ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၆ဝ၆ ဒသမ ၉၁၆ သန်း ရှိနေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၁၆ ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။  ယင်းကာလအထိ စင်ကာပူနိုင်ငံ၏ လုပ်ငန်းပေါင်း ၉၈ ခုသည် ပြည်တွင်း၌ရင်း နှီးမြ§ုပ်နှံမှုလာရောက်လုပ်ကိုင်နေကြပြီး စင် ကာပူ၏ ရင်းနှီးမြှုပ်နှံမှုသည် အာဆီယံ ပြင်ပ နိုင်ငံများဖြစ်သော တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် ရင်းနှီးမြ§ုပ်နှံမှုအများဆုံး နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
http://www.news-eleven.com/business/%E1%80%A1%E1%80%B1%E1%80%99%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%AE%E1%80%B8%E1%80%BB%E1%80%99%E1%82%87%E1%80%B3%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%B6%E1%80%99%E1%82%88%E1%80%A1%E1%80%81%E1%80%BA%E1%80%B3%E1%80%AD%E1%82%95-%E1%80%85%E1%80%84%E1%80%B9%E1%80%80%E1%80%AC%E1%80%95%E1%80%B0%E1%80%90%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B7%E1%80%81%E1%80%B6%E1%81%8D-%E1%80%9D%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8

No comments:

Post a Comment