November 19, 2014

ဒလ-ပန်းဆိုးတန်းခရီးစဉ် ရေယာဉ်သစ် သုံးစီးဖြင့် စတင်ပြေးဆွဲ

ဂျပန်နိုင်ငံက လှူဒါန်းထားသော ချယ်ရီသင်္ဘောတစ်စီး ကမ်းကပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
 ဂျပန်နိုင်ငံက လှူဒါန်း သည့် ရေယာဉ်သစ်သုံးစီးကို ဒလ -ပန်းဆိုးတန်းကူးတို့အဖြစ် နိုဝင် ဘာ ၁၅ ရက်မှ စတင်ပြေးဆွဲနေ ပြီဖြစ်သည်။
ချယ်ရီကူးတို့သင်္ဘောများ သည် လက်ရှိပြေးဆွဲနေသည့် သင်္ဘောများထက် ကြီးမားကာ လျင်မြန်မှုရှိပြီး သင်္ဘောတစ်စီး လျှင် လူဦးရေ ၁၂၀၀ ၀န်းကျင် လိုက်ပါ စီးနင်းနိုင်မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။
‘‘သင်္ဘောသုံးစီးလုံးကို တစ် ပြိုင်တည်းနဲ့ ခရီးသည်မစောင့်ရ အောင် ပြေးဆွဲပေးမယ်’’ဟု ဦး ၀င်းဖေကပြောသည်။
ထို့အပြင်ချယ်ရီသင်္ဘော များဆိုက်ကပ်နိုင်မည့် ဒလဘက် ကမ်းမှ ခရီးသည်အတက်၊အဆင်း တံတားနှင့်  ခရီးသည်နားနေ ဆောင်မှာလည်း ဆောက်လုပ်ပြီးစီးပြီဖြစ်၍ တစ်နေ့တည်း ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ပန်းဆိုးတန်း- ဒလသို့ ပြေးဆွဲနေသည့် ကူးတို့ သင်္ဘောမှာ လေးစီးရှိသော်လည်း တစ်စီးမှာ လုံးဝရပ်နားထားပြီး ကျန်တစ်စီးကို အရန်သင့်ထား၍ နှစ်စီးဖြင့် ပြေးဆွဲလျက်ရှိပြီး နေ့ စဉ်၄၆ ခေါက်ခန့်ပြေးဆွဲနေရသည်။
ပန်းဆိုးတန်း-ဒလခရီးစဉ် တွင် ပြည်တွင်းခရီးသည်တစ်ဦး လျှင် ၁၀၀ ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် နှစ်ဒေါ်လာသတ် မှတ်ထားပြီး ချယ်ရီသင်္ဘောများ ဖြင့် ပြေးဆွဲပါကလည်း သင်္ဘော ခကို ယင်းနှုန်းထားအတိုင်းသာ ကောက်ယူမည်ဖြစ်သည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့အပါအ၀င် ဧရာဝတီ တိုင်းဒေသကြီးရှိ ဒေးဒရဲနှင့် ဖျာပုံ မြို့များမှ ရန်ကုန်မြို့သို့ နေ့စဉ် ခရီးသည် သုံးသောင်းကျော်လာ ရောက်နေပြီး ဒလ-ပန်းဆိုးတန်း ရေကြောင်း ခရီးစဉ်ကို အသုံးပြု နေကြရသည်။
ချယ်ရီကူးတို့သင်္ဘောတစ် စီးလျှင် အမေရိကန် ဒေါ်လာလေးသန်းတန်ဖိုးရှိပြီး ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့၊ နာကာတာနီသင်္ဘောကျင်း၌ တစ်နှစ် ကြာ တည်ဆောက်ခဲ့ကြောင်း သိရသည်။
http://7daydaily.com/story/25002#.VGrS01cYuM8

No comments:

Post a Comment