လုံးချင်းတိုက် တစ်လုံး လျှင် ကျပ်သိန်းတစ်သောင်းကျော်ဖြင့်
အရစ်ကျရောင်းချမည့် အိမ်ရာစီမံကိန်း Z villa ကို ဇေကမ္ဘာ ကုမ္ပဏီက
မင်္ဂလာဒုံဥယျာဉ်မြို့ တော်တွင် ဒီဇင်ဘာ၌ စတင် တည်ဆောက်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
မြေဧက ၅၀ ကျော်တွင် လုံး ချင်းတိုက်အလုံးပေါင်း ၁၉၁ လုံး ကို
လေးနှစ်အတွင်း စတင်တည် ဆောက်သွားမည်ဖြစ်ပြီး ငွေရေး၊ ကြေးရေးပြည့်မီပြီး
ကိုယ်ပိုင်လုံး ချင်းခြံဝင်းကျယ်ကျယ်နေထိုင်လို သူများအတွက် ရည်ရွယ်တည်
ဆောက် ရောင်းချသွားမည်ဖြစ် ကြောင်း ဇေကမ္ဘာကုမ္ပဏီဒုဥက္ကဋ္ဌ ဦးဇေသီဟကပြောသည်။
‘‘လောလောဆယ်ဒီအိမ်ရာ စီမံကိန်းကို ၀ယ်ဖို့ စာရင်းပေး ထားတာ
ခုနစ်လုံးရှိနေပြီ’’ဟု ဦး ဇေသီဟကဆိုသည်။ အရစ်ကျ စနစ်ဖြင့် ငွေသွင်းရာတွင်
၁၈ လ အတွင်း ပေးသွင်းရမည်ဖြစ်ပြီး ပထမဆုံးလအတွက် ၁၀ ရာခိုင် နှုန်း၊
ကျန်လများတွင် ၅ ရာခိုင် နှုန်းစီ ပေးသွင်းရမည်ဖြစ်ကာ
နောက်ဆုံးအိမ်လွှဲပြောင်းပြီးမှ ၁၀ ရာခိုင်နှုန်းထပ်မံပေးသွင်းရမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစီမံကိန်းကို ဇေ ကမ္ဘာနှင့် မလေးရှားဆောက်လုပ် ရေးကုမ္ပဏီတို့
ပူးပေါင်း၍ မင်္ဂ လာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယျာဉ် မြို့တော်ဝင်းအတွင်း တည်
ဆောက်မည်ဖြစ်ကာ Z villa ဟု အမည်ပေးထားကြောင်း သိရ သည်။
ရန်ကုန်မြို့တွင် မြို့ကို ချဲ့ပါ က ယခု
မင်္ဂလာဒုံမြို့နယ်ဘက်ထပ်မံချဲ့ထွင်လာနိုင်သည့်အခြေ အနေရှိသောကြောင့် အဆိုပါ
အိမ်ရာစီမံကိန်းကို မင်္ဂလာဒုံမြို့ နယ်တွင် ရွေးချယ်တည်ဆောက်
ခြင်းဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ဦးဇေ သီဟကဆိုသည်။
လုံးချင်းတိုက်တစ်လုံးလျှင် အထပ် သုံးထပ်ပါရှိမည်ဖြစ်ပြီး ဓာတ်လှေကား၊
ရေကူးကန်များပါဝင်မည်ဖြစ်ကာ အဆင့်မြင့်လုံခြုံရေးနည်းပညာများ
အသုံးပြုတည်ဆောက်ရန် ကုမ္ပဏီက ရည်ရွယ်ထားကြောင်း သိရသည်။
အစိုးရသစ် လက်ထက် ကွန်ဒိုများ၊ တိုက်ခန်းများတည် ဆောက်မှု
စံချိန်တင်မြင့်တက်လာ သော်လည်း ယခုကဲ့သို့ လုံးချင်း
အိမ်ရာပုံစံမျိုးတည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အလွန်နည်းသည်။
‘‘လုံးချင်းက အရင်းအနှီး ကြီးတယ်။ ဒါကြောင့်တော်ရုံလုပ် ငန်းရှင်က မဆောက်ရဲကြဘူး’’ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ် ငန်းရှင်ကပြောသည်။
မြို့တွင်း ကျပ်တည်းမှုဖြေ လျှော့ရန်ယခုကဲ့သို့ မြို့ပြင်အနီး
တစ်ဝိုက်တွင် အိမ်ရာစီမံကိန်း များတည်ဆောက်သင့်ကြောင်း
မြို့ပြစီမံကိန်းပညာရှင် ဦးမြင့် ဆွေကပြောသည်။
သို့သော်လက်ရှိတွင် ပုဂ္ဂလိ ကဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုမှာ
အဆင့်မြင့်အိမ်ရာ များ၊ ကွန်ဒိုများတွင်သာ ရင်းနှီး မြှုပ်နှံရန်
စိတ်ဝင်စားပြီး အိမ်ပိုင် ရာပိုင်မရှိသူ လူတန်းစားတို့ အတွက်
တန်ဖိုးသင့်တင့်မျှတသော အိမ်ရာများကို တွဲဖက်တည်ဆောက်ပေးစေလိုကြောင်း
၎င်းကတိုက်တွန်းပြောကြားသည်။
‘‘လုပ်ငန်းရှင်တွေက ရောင်း ပန်းလှဖို့ပဲကြည့်နေကြတယ်။ အ တွေးအခေါ်တွေ ပြောင်းလဲသင့် နေပြီ’’ဟု ၎င်းကဆိုသည်။
လက်ရှိရန်ကုန်တွင် ပြီးခဲ့ သည့် အစိုးရလက်ထက်အဆင့် မြင့်
အိမ်ရာများအဖြစ် တည် ဆောက်ခဲ့သည့် အေဒီလမ်းဆုံ အနီးမောင်ဝိတ်အိမ်ရာ၊ ဟုမ်း
လမ်းအိမ်ရာ၊ ကမာကြည်အိမ်ရာ၊ ကမ္ဘာအေးမှ စွယ်တော်အိမ်ရာ၊ လှိုင်သာယာ
တစ်ဖက်ကမ်းမှ FMI ပန်းလှိုင် အိမ်ရာတို့သည် စီမံခန့်ခွဲမှုကောင်းပြီး
အောင်မြင် သည့် အိမ်ရာများဖြစ်ခဲ့သည်ဟု မြို့ပြပညာရှင်များက သုံးသပ်
ထားသည်။
http://7daydaily.com/story/25042#.VGrRXVcYuM8
No comments:
Post a Comment