မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းခေါ်ဆိုခ နှုန်းထားများကို တစ်မိနစ်လျှင် ငွေကျပ်
၅ဝ ဖြင့် ကောက်ခံ ခဲ့ရာမှ ဒီဇင်ဘာလ အတွင်း တစ်မိနစ်လျှင် ၂၅
ကျပ်နှုန်းဖြင့် စတင်ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ဖုန်း ခေါ်ဆိုခ နှုန်းထားများ
လျှော့ချပေးမှုကို နိုဝင်ဘာ လအကုန်နှင့် ဒီဇင်ဘာလ အတွင်း စတင် အကောင်အ
ထည်ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး
ဝန်ဆောင်မှုများ ပေးနေသည့် တယ်လီနောနှင့် အူရီဒူးကုမ္ပဏီများမှ ဖုန်းခေါ်ဆိုခ
နှုန်းထားကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် သုံးစွဲခွင့်ပြု
နေခြင်းကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော ငွေဖြည့်ကတ်
ရောင်းချရမှုများ ကျဆင်း လာသည့်အပြင် ဆင်းကတ် ဝယ်ယူမှုမှာလည်း
ကျဆင်းလာကြောင်း၊ ယင်းအတွက် ဈေးကွက် ယှဉ်ပြိုင်မှုအရ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ ဖုန်းခေါ်ဆိုခ နှုန်းထားများ ပြင်ဆင်ရန် စီစဉ်လာခြင်း ဖြစ်ကြောင်း
သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သည့် GSM, CDMA, CDMA 800
စသည့် ဖုန်းများ အားလုံးကို တစ်နိုင်ငံလုံး တစ်ပြေးညီ ဖုန်းပြောဆိုခများ
အပြင် SMS ပို့ခများကိုပါ လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂ဝ၁၄ ခုနှစ် မကုန်မီ တန်ဖိုးနည်း
ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ငါးသန်းအထိ ရောင်းချပေးသွားမည် ဖြစ်ပြီး
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပစ္စည်း သီးသန့် ရောင်းချပေးမည့် MPT Brand Shop
များကိုလည်း ယခုနှစ် အတွင်း ရန်ကုန်နှင့် နေပြည်တော်တို့၌
ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်
တစ်လလျှင် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ပုံမှန် တစ်သန်း ချပေးနေပြီး
ဒီဇင်ဘာလမှ စတင်ကာ ဆင်းကတ် အရေအတွက် တစ်သန်းခွဲ အထိ တိုးမြှင့် ချထားပေးမည်
ဖြစ်ကြောင်း၊ ထို့အပြင် မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေမှုများ ကိုလည်း
ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သည့် ဆင်းကတ်များသည် ဈေးကွက်များထဲတွင်
၁၅ဝဝ ကျပ်ဖြင့် ဝယ်ယူရန် ခက်ခဲ နေပြီး မှောင်ခို ဈေးကွက်များမှသာ ဝယ်ယူ
သုံးစွဲမှု များလာကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/54524-2014-11-12-09-32-56
No comments:
Post a Comment