November 15, 2014

တရုတ်သို့ ဆန်တင်ပို့ရန် အရည်အသွေးပိုင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ခြောက်မျိုးတောင်း

လာမည့်ဒီဇင်ဘာမှ စ၍ တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင် ပို့ရာတွင် မြန်မာ့ဆန် အရည် အသွေးပိုင်းဆိုင်ရာ ကိစ္စရပ်များ အတွက် တရုတ်နိုင်ငံဘက်မှ အသိအမှတ်ပြု လက်မှတ်ခြောက် မျိုးပါဝင်ရန် တောင်းဆိုထား ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
‘‘ဆန်တင်ပို့တဲ့ နေရာမှာ အရည်အသွေးပိုင်းဆိုင်ရာကိစ္စ ရပ်အတွက် လက်မှတ်ရေးထိုး ထားတာရှိပါတယ်။ အရည်အ သွေးပိုင်းအတွက် တရုတ်ဘက် ကနေပြီး Certificate ခြောက်မျိုး ကိုရရှိဖို့လုပ်ပါတယ်’’ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆန်စပါးများ၏ အလေးချိန် နှင့် အရည်အသွေးပိုင်းဆိုင်ရာလက်မှတ်၊ ပိုးသတ်မှိုင်းတိုက်မှု လက် မှတ်၊ ထုပ်ပိုးမှုနှင့် အမှတ်အ သားလက်မှတ်၊ ထုတ်လုပ်သည့် နှစ်ဖော်ပြမှု လက်မှတ်၊ တင်ပို့ သည့်ကား၊ ကွန်တိန်နာ၊ ရေ ယာဉ်၊ သင်္ဘောတို့၏ သန့်စင်မှု ဆိုင်ရာလက်မှတ်နှင့် ကျန်းမာရေး နှင့် သက်ဆိုင်သော ပိုးသတ်ဆေး ဓာတ်ကြွင်းဆိုင်ရာလက်မှတ်များ ဖြစ်သည်။
ဆန်စပါးတင်ပို့သူများသည် ယင်းလက်မှတ် ခြောက်မျိုးအပြင် မြန်မာနိုင်ငံဘက်မှလည်း အပင် ပိုးမွှားကင်းစင်ကြောင်းလက်မှတ် နှင့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်(Country of Origin) များ ထုတ်ယူလုပ်ဆောင်ရန်လည်း လိုအပ်မည်ဖြစ်သည်။
ထိုလက်မှတ် ခြောက်မျိုးကို တရုတ်နိုင်ငံ AQSIQ ၀န်ကြီးဌာန လက်အောက်ရှိ စစ်ဆေးရေးဌာန ဖြစ်သော C.C.I.C မှ ထုတ်ပေး မည်ဖြစ်ပြီး ယင်းအဖွဲ့ကို ရန်ကုန် မြို့ MAPCO ကုမ္ပဏီ၏ ရုံးချုပ် တွင် C.C.I.C အတွက် ရုံးခန်းတစ်နေရာပေး၍ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
ယခုနှစ်အတွက် တရုတ်နိုင်ငံသို့ ဆန်စပါးတင်ပို့ခြင်းကို ၂၀၁၅ နှစ်ဆန်းပိုင်းဖြစ်သော ဇန်န၀ါရီ၊ ဖေဖော်ဝါရီတွင် ပြုလုပ်ရန် သဘောတူညီထားသော်လည်း ဆန်စပါး အသင်းချုပ်နှင့် လုပ်ငန်း ကော်မတီတို့၏ တောင်းဆိုမှု ကြောင့် ရှေ့တစ်လတိုး၍ ဒီဇင် ဘာတွင် တင်ပို့ရန် စီစဉ်ထား သည်။
တရုတ်နိုင်ငံဘက်မှ ဇန်န ၀ါရီတွင် တစ်လလျှင် တန်ချိန် တစ်သိန်းစီစတင်ဝယ်ယူရန် စီစဉ် ထားသော်လည်း မိုးစပါးပေါ်ချိန် တွင် ဈေးကျမည်စိုးသောကြောင့် ကြိုတင်ဝယ်ယူပေးရန် ဆန်တင်ပို့ရောင်းချရေး ကော်မတီက တောင်းဆိုခဲ့သည်။
လက်ရှိ ဆန်စပါးဈေးကွက် တွင် တရုတ်နိုင်ငံမှ ၀ယ်ယူမှုမရှိ သလောက်နည်းပါးနေ၍ ဈေးနှုန်း များကျဆင်းနေပြီး ယင်းမှာ မိုး စပါးပေါ်ချိန်တွင် လယ်သမားများ အတွက် အခက်အခဲထပ်မံဖြစ်နိုင် ပြီး စပါးဈေးမှာ တင်းတစ်ရာလျှင် ကျပ်သုံးသိန်းခန့်သာ ရှိနေသည်။
ထို့အပြင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် အဓိကအခက် အခဲဖြစ်သော အခွန်ကောက်ခံယူမှုကိုလည်း ထက်ဝက်ကျော်လျှော့ ချပေးမည်ဖြစ်၍ ၁၄ ရာခိုင်နှုန်း အခွန်သက်သာတော့မည် ဖြစ် သည်။
http://7daydaily.com/story/24863#.VGVuJFcYuM8

No comments:

Post a Comment