ဖေ့စ်ဘွတ်ခ်စာမျက်နှာ
တွင် ပျံ့နှံ့ခဲ့သည့် ရုပ်ရှင်ရိုက်ကွင်း ၌ ရုပ်ရှင်အဖွဲ့သားများကို သရဲ
ဝင်ပူးခဲ့သည်ဆိုသည့် ဗီဒီယိုဖိုင်တစ်ခုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက
ဇာတ်ကားနာမည်ကြီး အောင် ပရိသတ်ကို ဘယ်တော့မှမလိမ်ဘူးဟု ပြောကြားလိုက်
သည်။
‘‘ဒီဇာတ်ကားရိုက်တုန်းက ဝိညာဉ်ဝင်ပူးခံရတယ်ဆိုတာ တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဖွေးဖွေးဝင်ပူးခံရတယ်လို့ ကျွန် တော်တို့မပြောပါဘူး။ ရုပ်ရှင် အဖွဲ့သားငါးယောက်ကို ဝင်ပူး တာပါ။ ပရိသတ်ကြီးကို တစ်ခု ပြောချင်တာက ကျွန်တော်ဝိုင်း ဟာ ဇာတ်ကားအောင်မြင်ဖို့ အတွက် ပရိသတ်ကို ဘယ်တော့ မှမလိမ်ပါဘူး။ အဲဒီရိုက်ကွင်းမှာ ပရိသတ်တွေရော ကျောင်းသား တွေပါ လူ ၅၀ လောက်ရှိနေပါ တယ်’’ဟု ပြောသည်။
ယင်းသို့ ဗီဒီယိုဖိုင်ထွက်ပေါ် ခဲ့သည့် သက်တံသစ်ရုပ်ရှင်ဇာတ် ကားကို ၂၀၀၉ ခန့်ကတည်းက ရိုက်ကူးရန် ပြင်ဆင်ခဲ့ပြီး အချိန်ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီးမှ ပရိသတ်ထံ ပြသခွင့်ရခဲ့ကြောင်း ဒါရိုက်တာဝိုင်းက ပြောသည်။
ယင်းဇာတ်ကားရိုက်ကူးစဉ် က သရုပ်ဆောင်ဖွေးဖွေးမှာ သရဲ ဝင်ပူးခံရသည့်ဇာတ်ဝင်ခန်းရိုက် ကူးချိန်တွင် သွေးကြောများနား ထင်တွင် ထောင်တက်လာပြီး အခန့်မသင့်လျှင် သွေးကြောပြတ် သွားနိုင်သော်လည်း အကောင်း ဆုံးရိုက်ကူးနိုင်ခဲ့ကြောင်း ပြော သည်။ ဒါရိုက်တာဝိုင်းသည် ယခု နှစ်အကယ်ဒမီဆုပေးပွဲတွင် ဆန် ခါတင်စာရင်းဝင်ဇာတ်ကားများ ဖြစ်သည့် ‘နင်စေရင်’နှင့် ‘စေတန်ရဲ့ ကချေသည်’တို့ကို ရိုက်ကူးထား ပြီး အကယ်ဒမီဆုမရခဲ့သော် လည်း ပရိသတ်အားပေးမည့် ဒါရိုက်တာတစ်ဦး ဖြစ်နိုင်သည် ဟုလည်း ပြောသည်။
http://7daydaily.com/story/25125#.VGrYKFcYuM8

No comments:
Post a Comment