အာဆီယံနိုင်ငံများအ တွင်း ရေ၊ လေ၊ မြေသန့်ရှင်းရေး ဆိုင်ရာ
အကောင်းဆုံးလုပ်ဆောင်ချက်များပေါ်မူတည်၍ မြို့ကြီးများအား ရွေးချယ်သည့်
ဆုကိုရန်ကုန်မြို့က ရရှိသွားပြီး နိုဝင်ဘာ ၁၇ ရက်တွင်
ရန်ကုန်မြို့တော်ဝန်အား လွှဲ ပြောင်းပေးအပ်လိုက်သည်။
တတိယအကြိမ်အဖြစ် ပေးအပ်သည့် အာဆီယံပတ် ၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးသောမြို့ကြီးများဆုကို AWG-ESCအဖွဲ့က ရွေးချယ်ပေးခြင်းဖြစ်ပြီး အောက်တိုဘာလက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဒုတိယ၀န်ကြီး ဒေါက်တာ သက်သက်ဇင်က အဆိုပါဆုကို ကိုယ်စားတက် ရောက်ရယူပေးခဲ့သည်။
ထို့ကြောင့် ဒုတိယ၀န်ကြီးက ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုတင်သွင်းမည့်မြို့များ အဖြစ် နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ မုံရွာ၊ မော်လမြိုင်မြို့နယ်တို့ကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီး အ ဆိုပါ မြို့ငါးမြို့မှ ရန်ကုန်မြို့ကို ပြန်လည်ရွေးချယ်ပြီး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိရန်ကုန်တွင် အခြား နိုင်ငံများ၏ မြို့များနှင့်နှိုင်းယှဉ်ပါ ကမော်တော်ကားနှင့်စက်မှုလုပ် ငန်းများ သိသာစွာ မြင့်တက်လာ ခြင်းမရှိ၍ လေထုသန့်ရှင်းမှု များစွာ အကောင်းအတိုင်းရှိနေပြီး အမှိုက်သိမ်းစနစ်ကိုလည်း ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့သောကြောင့် အဆိုပါဆုရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
http://7daydaily.com/story/25194#.VGro5VcYuM8

No comments:
Post a Comment