November 19, 2014

မြေနေရာ ခုနစ်နေရာတွင် အကျိုးတူလုပ်ငန်းလုပ်ရန် ခေါ်ထားသည့်တင်ဒါ ရက်ပိုင်းအတွင်း ကြေညာမည်

 မြေနေရာ ခုနစ်နေရာ တွင် အိမ်ရာစီမံကိန်းနှင့် စီးပွား ရေးအဆောက်အအုံများ၊ ယာဉ် ရပ်နားစခန်းများအကျိုးတူတည် ဆောက်ရန် ရန်ကုန်မြို့တော်စည် ပင်က တင်ဒါခေါ်ယူထားရာ နိုဝင် ဘာ ၂၅ ရက်တွင် ကြေညာမည် ဖြစ်သည်။
အဆိုပါမြေနေရာ ခုနစ်နေရာမှာ အနည်းဆုံး မြေတစ်ဧကမှ ဧက လေးဆယ်ကျော်အကျယ်အ ၀န်းအထိပါဝင်ပြီး မြောက်ဥက္က လာပ၊ ဒဂုံမြို့သစ်၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင်၊ ကမာရွတ် မြို့ နယ်တို့တွင် အကောင်အထည် ဖော်ရန် ဖေဖော်ဝါရီ ၁၈ရက်ထုတ် သတင်းစာများ၌ တင်ဒါခေါ်ယူ ထားခြင်းဖြစ်သည်။
‘‘တင်ဒါတင်သွင်းတဲ့သူတွေ ရှေ့မှာ ကြေညာမှာဖြစ်ပါတယ်’’ ဟု အင်ဂျင်နီယာနှင့် အဆောက် အအုံဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးကပြောသည်။
ယခုတင်ဒါကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက လုပ်ငန်းရှင်များအနေဖြင့် တင်ပြရာတွင် ပိုမိုအချိန်ရစေရန် နိုင်ငံပိုင် သတင်းစာ၌ ကြေညာ အပြီး ကိုးလအကြာမှသာ တင်ဒါ ရရှိသူကို ဖွင့်ဖောက်ကြေညာပေး မည်ဖြစ်သည်။
တင်ဒါကြေညာခြင်းကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းတွင် နိုဝင်ဘာ ၁၅ ရက် နံနက် ၉နာရီ၌ တင်ဒါတင်သွင်းသူများရှေ့တွင် ဖွင့်ဖောက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
 မြေကွက်တစ်ကွက်လျှင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူအနည်းဆုံး ၃ဦးမှ ၁၀ဦးအထိရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၈ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ် မင်းရောင်နှင့် မြန်မာ့ဂုဏ်ရည် လမ်းထောင့်တွင် မြေရှစ်ဧက ကျော်အား စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ရာ ဂမုန်းပွင့်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ရွေးချယ်ခဲ့သည်။
ထို့အပြင် ဒုတိယစီးပွားရေး အချက်အချာနယ်မြေအဖြစ် အ ကောင်အထည်ဖော်မည့် မရမ်း ကုန်းမြို့နယ်ရှိ မြေဧက ၃၀ကျော် တွင် စီးပွားရေးအဆောက်အအုံ များတည်ဆောက်လုပ်ကိုင်ခွင့်ကို The First Myanmar ဆောက်လုပ် ရေးကုမ္ပဏီက လုပ်ကိုင်ခွင့်များ ရရှိခဲ့သည်။
အထက်ပါ တင်ဒါနှစ်ခုစလုံး တွင် အခြားတင်ဒါတင်သွင်းသည့် ကုမ္ပဏီအချို့က တင်ဒါရွေးချယ် မှုတွင် မမျှတဟု တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကန့်ကွက်မှုများ  ပေါ်ပေါက်ခဲ့ဖူးသည်။
http://7daydaily.com/story/25189#.VGrpMVcYuM8

No comments:

Post a Comment