November 27, 2014

မြန်မာလုပ်သားနှစ်ဦး အာမခံနှင့်လွှတ်ပေးရေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပေါင်ထားတောင်းဆို

လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲခံထားရသော မြန်မာလုပ် သားနှစ်ဦးထွက်ပြေးပါက မိမိလာ ရောက်အဖမ်းခံမည်ဖြစ်ပြီး အချုပ် လွတ် ထုချေခွင့်ပေးရန်အမျိုးသား  လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင် မြင့်က ထိုင်းအမျိုးသားဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌအား ၎င်းကိုယ် ကိုအပေါင်ထားပြီး ပြောကြား လိုက်ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်ကို စုံစမ်းရန် နိုဝင်ဘာ ၂၃ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး နိုဝင် ဘာ ၂၄ရက်တွင် ထိုင်းအမျိုးသား ဥပဒေပြု  လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးစဉ်တွင်အထက် ပါအတိုင်း  ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ရက် ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသ  တင်းစာ၌ ဖော်ပြထားသည်။
‘‘ဟုတ်ပါတယ်။ ဥက္ကဋ္ဌကြီး က ကလေးတွေအတွက် စိုးရိမ်နေ ပါတယ်။ ၀န်ကြီးချုပ်နဲ့တွေ့တဲ့ အချိန်မှာလည်း ကလေးတွေအ တွက်စိတ်ပူတယ်လို့ ပြောပါတယ်။  ၀န်ကြီးချုပ်ကလည်း အတတ်နိုင်ဆုံးလုပ်ပေးပါ့မယ်လို့ပြောတယ်’’ ဟု မြန်မာသံအမတ်ကြီးဦးဝင်းမောင်ကပြောသည်။

ဦးခင်အောင်မြင့်သည် ထိုင်း နိုင်ငံဝန်ကြီးချုပ် ပရာယွတ်နှင့် တွေ့ဆုံချိန်တွင် လိပ်ကျွန်းအမှု တည်ဆောက်မှုပုံစံကို မြန်မာနိုင် ငံသားအားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြောင်းပြောကြားသည်။ ထို့အပြင် ရမန်တစ်ပတ်ပြီး တစ်ပတ်ယူပြီး အမှုမတင်နိုင်သေး လျှင်လည်း အချုပ်လွတ်ထုချေ ခွင့်ပေးရန်  စဉ်းစားသင့်ပြီဖြစ်ကြောင်း ပြောသည်။ ထိုင်းဝန်ကြီးချုပ်က လုပ်ပေးနိုင်သမျှ ယခုချက်ချင်းလုပ်ပေးမည်ဖြစ်ပြီး ရက်အနည်းငယ်သာစောင့်ပါဟု ပြန်လည်ပြောကြားလိုက်ကြောင်း မြန်မာ့အလင်း၌ ဖော်ပြထားသည်။
လိပ်ကျွန်းဖြစ်စဉ်ကို စုံစမ်း ရန် ထိုင်းနိုင်ငံသို့သွားရောက် သည့်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဥပဒေပညာရှင်များ၊ မှုခင်းဆိုင် ရာကျွမ်းကျင်သူများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များစုစုပေါင်း ၁၂ဦးပါဝင်သည်။
ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးအား ကော့စမွီခရိုင်တရားသူ ကြီးက အာမခံတင်သွင်းခွင့်ပြု ထား၍ မြန်မာကိုယ်စားလှယ်အ ဖွဲ့နှင့်  မြန်မာသံရုံးအထူးအဖွဲ့က နိုဝင်ဘာ ၂၆ရက်တွင် အာမခံ တင်သွင်းရာ ခရိုင်တရားသူကြီးက လက်မခံဘဲပယ်ချခဲ့သည်။
http://7daydaily.com/story/25735#.VHaajlcYuM8

No comments:

Post a Comment