မုံရွာ− မုံရွာမြို့တွင် ဥပဒေနှင့် အညီ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ
အမျိုးသား ပညာရေးဥပဒေနှင့်ပတ်သက်၍ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူရှစ်ဦးသည်
နိုဝင်ဘာ၂၅ ရက်က မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်ခံရကြောင်း
သတင်းရရှိသည်။
‘‘လွှတ်တော်ကအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပ ညာရေးဥပဒေက ကျောင်းသား၊ ကျောင်းသူတွေကို ဖိနှိပ်တဲ့ဥပဒေ ဖြစ်တယ်။ အနာဂတ်မျိုးဆက် သစ်တွေရဲ့ ပညာရေးကောင်းမွန် စေဖို့ အခုလိုဆန္ဒထုတ်ဖော်ခဲ့တာ ပါ’’ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သော ကျောင်းသူတစ်ဦးက ပြော သည်။
အမျိုးသားပညာရေးဥပဒေ နှင့်ပတ်သက်၍ မုံရွာဆန္ဒထုတ် ဖော်ပွဲတွင် ကျောင်းသား၊ ကျောင်း သူ ၄၇ ဦးပါဝင်ခဲ့ပြီး ဦးဆောင်သူရှစ်ဦးမှာ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်ခံရ ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက် နံနက်၁၁ နာရီမှတွင် မုံရွာမြို့ အလယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ချင်းတွင်း ရတနာဈေးထောင့်ရှိ ဦးဇော်နိုင်ထွန်း(ခ)ဦးကံချွန်နေ အိမ်ရှေ့မှ စတင်လှည့်လည်ခဲ့ရာ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ ပေ ၈၀လမ်း၊သာစည်လမ်း၊ ပြည်ထောင်စုလမ်း၊ ဒေါနခြံရေစင်ကြီး၊ လယ် တီလမ်း၊ တမာတန်းလမ်းဆုံ၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
http://7daydaily.com/story/25725#.VHaas1cYuM8

No comments:
Post a Comment