November 27, 2014

အစိုးရယာဉ်မောင်းသင်တန်း သုံးခုတွင် တိုယိုတာသင်မောင်း သီးသန့်ကားများဖြင့် သင်မည်


သင်မောင်းကွင်းများအတွက် လှူဒါန်းထားသော တိုယိုတာကားများ (ဓာတ်ပုံ − ရဲနိုင်)
နေပြည်တော်- ရန်ကုန်မြို့ရှိ အစိုးရယာဉ်မောင်းသင်တန်း သုံး ခုတွင် ယာဉ်မောင်းသင်ရန် သီး သန့်ထုတ်လုပ်ထားသော တိုယို တာကားကုမ္ပဏီမှ ကားဆယ်စီး ဖြင့် ပထမဆုံး စတင်သင်ကြားပေးမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
‘‘အခု ဒီကားတွေက သင် နေရင်း တစ်ခုခုဖြစ်ရင် အလွယ် တကူ ထိန်းချုပ်လို့ရတယ်။ ပထမ ဆုံးအကြိမ်ရောက်လာတဲ့ ကား တွေပါ။ ပုံမှန်သင်နေတာက ရိုးရိုး ဆလွန်းကား၊ ဂျစ်ကားတွေများ တယ်’’ ဟု ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန ဒုအင်ဂျင်နီယာချုပ် ဦးခင်မောင်မြင့်က ပြောသည်။
ယာဉ်အန္တရာယ် ကင်းရှင်း စေရန်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး ခိုင်မာစေရန်အတွက် တိုယိုတာကားကုမ္ပဏီမှ ကိုရိုလာဆီဒင် ကားဆယ်စီးကို အစိုးရကားမောင်းသင်တန်းများသို့ နေပြည်တော် Lake Garden ဟိုတယ်၌ နိုဝင်ဘာ ၂၆ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
 ကုန်းလမ်း ပို့ဆောင်ရေး ဌာန အောက်ရှိ သင်တန်းကျောင်း တွင် လေးစီး၊ ကညန လက် အောက်ရှိ ရွှေမြန်မာ သင်တန်း ကျောင်းတွင် လေးစီးနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ သီရိမြိုင်သင်တန်းတွင် နှစ်စီးတို့ အသုံးပြုသင်ကြားပေးမည် ဖြစ်သည်။ ကိုရိုလာဆီဒင် ကားဆယ်စီးသည် ၂၀၁၄ နောက်ဆုံးမော်ဒယ်ကားဖြစ်ပြီး သင်မောင်းများအတွက် အထူးသီးသန့် ထုတ်လုပ်ထားသော ဘယ်မောင်းယာဉ်များ ဖြစ်သည်။ တန်ဖိုးအရ ရန်ကုန် ဆိပ်ကမ်းအရောက် တစ်စီးလျှင် ဒေါ်လာတစ်သောင်းရှစ်ထောင်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တွင် ယာဉ်မောင်းသင်တန်းပေါင်း ၅၀ ကျော်ရှိပြီး ကုန်းလမ်းပို့ ဆောင်ရေးဦးစီးဌာန လက်အောက်၌ ၁၅ ခု ရှိသည်။
http://7daydaily.com/story/25721#.VHaay1cYuM8

No comments:

Post a Comment