November 13, 2014

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှု အလွန်ကောင်းမွန်ဟု အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပြော

 မြန်မာသမ္မတဦးသိန်းစိန်နှင့် မိမိတို့ တွေ့ဆုံဆွေးနွေးမှုသည် အလွန်ကောင်း မွန်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောကြားလိုက်သည် ။ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံအပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ်က သူ၏ Twitter စာမျက်နှာ တွင် အထက်ပါအတိုင်း ရေးသား ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှုထောင့်မျိုးစုံကနေ ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရတာ အလွန်ကောင်းမွန်ပါတယ်''ဟု သူက ရေးသားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်သည် နေပြည်တော်သို့ သူ၏ လေယာဉ်ဆိုက်ရောက်ရောက်ချင်း မြန်မာ နိုင်ငံ၏ နွေးထွေးစွာကြိုဆိုမှုကိုပါ သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ သည်။ ထို့အပြင် လှပ သာယာသော မြန်မာနိုင်ငံသို့ ရောက်ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။

 president--and-india-prime-minister--modi

ပြည်ထောင်စုမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်အား အိန္ဒိယနိုင်ငံ  ဝန်ကြီးချုပ် မစ်စတာနာရင်ဒြာမိုဒီက နိုင်ငံတော်သမ်မတအိမ်တော်၊ သံတမန် ဆောင် ဧည့်ခန်းမတွင် နိုဝင်ဘာ ၁၁ ရက်က တွဆေုံ့စဉ်။

မိုဒီသည် သုံးနိုင်ငံ ၁ဝရက်ခရီး ထွက်လာခဲ့ရာ မြန်မာနိုင်ငံသည် သူ၏ ၁ဝရက် ခရီးတွင် ပထမဦးဆုံး ခရီးစဉ်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ဩစတြေးလျနှင့် ဖီဂျီတို့ကိုဆက် သွားသည်။ မိုဒီ သည် မြန်မာနိုင်ငံသို့ အိန်ဒိယမှ အထူးလေယာဉ် Air Plane ဖြင့် ထွက်ခွာ လာခဲ့ရာ မွန်းလွဲပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်သည်။ သူသည် ဒေါ်အောင်ဆန်း စုကြည်နှင့် တြေ့ဆုံဆြေးနြေး ရန် လည်း စီစဉ်ထား သည်။ သူသည် မြန်မာနိုင်ငံ တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှအော့ရှထိပ်သီး အစည်း အဝေးများသို့ တက်ရောက်မည်။

မဟာဗျူဟာရှုထောင့်မှ ကြည့် မည်ဆိုလျှင် မြန်မာနိုင်ငံသည် အိန်ဒိယအတွက် လုံခြုံရေးနှင့် အရှေ့ တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရာအဝင်တံခါးအဖြစ် အရေးပါသော နိုင်ငံဖြစ်သည်။ အာဆီယံသည် အိန်ဒိယ၏ Act East မူဝါဒ၏ အမာခံကျောရိုးဖြစ်သည်ဟု မိုဒီက နယူးဒေလီမှမထွက် ခွာမီ ပြောကြားလိုက်သည်။

နိုင်ငံတော်သမ်မတဦးသိန်းစိန်နှင့် အိန်ဒိယဝန်ကြီးချုပ်မိုဒီတို့နှစ်ဦးသည် နှစ်နိုင် ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး၊ စွမ်းအင်နှင့် သဘာဝ ဓာတ် ငြေ့ကဏ္ဍမ်ား တွင် ပူးပေါင်းဆောင် ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ ချရေး၊ နေရောင်ခြင်စွမ်းအင်ဖြင့် ကျေး လက် မီးလင်းရေးဆောင်ရွက်ရေး၊ လမ်းပန်းဆက်သွယ်မှုကဏ်ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အိန်ဒိယနိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်လျက်ရှိသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသ ခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း
မြန်မာ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
http://www.dailydemocracytoday.com/2014-03-04-06-50-07/item/472-2014-11-12-07-15-26

No comments:

Post a Comment