ချင်းပြည်နယ်မြို့တော်
ဟားခါးတွင် နိုဝင်ဘာလဆန်းပိုင်း၌ ကျင်းပရန်စီစဉ်ထားသော သုံးနိုင်ငံမှ
ချင်း ကျောင်းသားများ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ (Chinlung Culture
Festival) အား ၂၀၁၅ ခုနှစ်ဧပြီလ မှသာကျင်းပမည်ဟု
ချင်းပြည်နယ်ဘက်မှဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်တစ်ဦးက ပြောဆိုခဲ့သည် ဟု
သိရသော်လည်း အမှန်တကယ်မှာ ရွှေ့ဆိုင်းခြင်းမရှိဘဲ နဂိုသတ်မှတ်ထားသည့်
နေ့ရက်တွင်သာ ကျင်းပသွားမည်ဖြစ်သည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံရှိ
ချင်းမျိုးနွယ်စုကျောင်းသားများ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၅
ရက်မှ ၇ ရက်အထိဟားခါးမြို့ ဝမ်သူးမောင်အားက စားကွင်းတွင်
ကျင်းပရန်စီစဉ်ထားကြ ပြီး ယင်းအတွက် ပြည်ထောင်စုအစိုးရနှင့်
ချင်းပြည်နယ်အစိုးရတို့က ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ သို့ သော်လည်း
အဆိုပါပွဲတော်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေပိုင်းဆိုင်ရာ
လိုအပ်ချက်များရှိနေသော ကြောင့်ပွဲတော်ကျင်းပမည့်ရက်ကို လာမည့် ၂၀၁၅
ခုနှစ်ဧပြီလသို့ ရွှေ့ဆိုင်းထားသည်ဟု ချင်းပြည် နယ်ဘက်မှ
ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောဆိုခဲ့သည်။ပွဲတော်ကျင်းပမည့်ရက် ရွှေ့ပြောင်းခြင်းမရှိကြောင်း၊ နဂိုသတ်မှတ်ထားသည့်နေရက်၌ပင် ကျင်းပမည် ဖြစ်ကြောင်း မီဇိုရမ်ဘက်မှဖြစ်မြောက်ရေးကော်မတီ မီဇိုးကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဇိုးဒင့်ပွီးယာကပြော သည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေလာရောက်မယ့် ကိုယ်စားလှယ်တွေလဲ နိုဝင်ဘာ ၁ ရက်နေ့မှာ မီဇိုရမ် ကိုရောက်လာကြမယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ အိုင်ဇောလ်မြို့ Vanapa ခန်းမမှာတွေ့ဆုံကြမယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာ အိုင်ဇောလ်မြို့ကနေ စတင်ထွက်ခွာကြမယ်” ဟု ဇိုးဒင့်ပွီးယားက ထပ်မံပြော သည်။
ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံစသည့် သုံးနိုင်ငံတွင် တကွဲတပြားစီ သီးခြားအုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ကြရသော တစ်အူထုံဆင်း ချင်းမျိုးနွယ်စု (Zohnahthlak) ညီအစ်ကိုများအကြား ချင်ခင်ရင်းနှီးမှုတည်ဆောက်ရန်၊ တစ်မျိုးနွယ်တည်းဖြစ် ကြောင်း၊ သက်သေပြရန်၊ ယဉ်ကျေးမှုရိုးရာဓလေ့များ ဖော်ထုတ်နိုင်ရန်အတွက် Chinlung Culture Festival ပွဲတော်ကို ကျင်းပရန် Mizo Student Union နှင့် Chin Student Union တို့မှဦးဆောင်စီစဉ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Democracy Today Daily
No comments:
Post a Comment