နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ ဖွင့်လှစ်ပြီးနောက် ငါးနှစ်ကျော် အကြာတွင် ပိတ်ထားသည့် ရန်ကုန်မြို့ရှိ ကမ္ဘာအေး ကျောက်မျက်ရတနာ အရောင်းခန်းမကို နိုဝင်ဘာ ၂၄ ရက်က ပြန်လည်ဖွင့်လှစ်လိုက်သည်။
ယခင်က ကုမ္ပဏီပုံစံများဖြင့် ဖွင့်လှစ်ခဲ့သည့် အဆိုပါ ပြခန်းများကို အရောင်းပြခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်တွင် အချောထည် ဈေးကွက်ဖွံ့ဖြိုးရေးအတွက် အဆိုပါ အရောင်းပြခန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး (၂) ဦးထွန်းလှအောင်ကဆိုသည်။
လက်ရှိတွင် အချောထည် များ ပြသရောင်းချရန် အရောင်းပြခန်းပေါင်း ၄၀ ကျော် ဖွင့်လှစ်ပြသရောင်းချသွားမည် ဖြစ်သည်။
အချောထည် ဈေးကွက် မြန်မာနိုင်ငံတွင်အားကောင်းလာ စေရန် မြစ်ကြီးနားနှင့် နေပြည်တော်တို့တွင် ကျောက်မျက်ရတနာဈေး ဖွင့်လှစ်ပြီး တစ်နှစ်အကြာတွင် ရန်ကုန်၌ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ကျောက်မျက် အရောင်းခန်းမကို ရန်ကုန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ သြဂုတ်က မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း၌ ခြောက်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဥက္ကဋ္ဌ၊ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ရာထူးမှ နုတ်ထွက်လိုက်ပြီး စိမ်း လန်းရတနာကျောက်မျက်ကုမ္ပဏီမှ ဦးရုံးမူအား ခန့်အပ်လိုက်ပြီး နောက်ဥက္ကဋ္ဌသစ်လက်ထက်တွင် စတင်လုပ်ဆောင်သည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။
ယခု အရောင်းခန်းမမှာ အချောထည်ဈေးကွက်အတွက် ရည်ရွယ်သောကြောင့် ကျောက် စိမ်း အရိုင်းတုံးများကို ရန်ကုန်မြို့တွင် တင်ပို့ရောင်းချပြသခွင့်ရမည်မဟုတ်ပေ။
လက်ရှိတွင် ကျောက်မျက် ဈေးများအဖြစ် အသစ်ဖွင့်လှစ် ထားသည့် မြစ်ကြီးနားမြို့သို့ပင် ဖားကန့်မြို့မှ ကျောက်စိမ်းများ သယ်ယူရာတွင် C-class, B-class အဆင့် ကျောက်ရိုင်းတုံး များကိုသာ တင်ပို့ခွင့် ရထားပြီး A-class အဆင့်ကျောက်ရိုင်းတုံး များကို တင်ပို့ရောင်းချခွင့် မပြု ထားပေ။
ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ကျောက်စိမ်း၊ ကျောက် မျက်အပါအဝင် သတ္တုတွင်းထွက် ပစ္စည်းများတင်ပို့မှုမှာ ဒေါ်လာ သန်း ၂၈၀ ကျော်ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၇၅ ဒသမ ၆၈၁ သန်းအထိရရှိ ထားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိန်းဂဏန်းများမှသိရသည်။
http://7daydaily.com/story/25695#.VHU7VlcYuM8
No comments:
Post a Comment