November 19, 2014

နိုင်ငံခြားအာမခံကုမ္ပဏီများကို ရှေ့နှစ်ဆန်းတွင် စတင်ခွင့်ပြုမည်ဖြစ်သော်လည်း သီလ၀ါအထူးစီးပွားရေးဇုန်တွင်သာဖြစ်

 နိုင်ငံခြားအာမခံကုမ္မဏီများကို အထူးစီးပွားရေးဇုန်တွင် ၂၀၁၅ ဇန်န၀ါရီမှစတင် ခွင့်ပြု ပေးသွားမည်ဟု ဘဏ္ဍာအခွန် ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက နိုဝင်ဘာ ၁၆ ရက် တွင် ပြောကြားသည်။
‘‘ရှေ့လမှာ လုပ်ချင်တယ်။ ကုမ္ပဏီတွေ လုပ်နိုင်အောင် ကြေညာချက်တွေ ထုတ်ပေးဖို့ရှိတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်ကပြောကြားသည်။
နိုင်ငံခြားအာမခံကုမ္ပဏီများကို ပြည်တွင်း၌ ခွင့်ပြုရာတွင် အထူးစီးပွားရေးဇုန်များ၌ သာ ဥပဒေတိုင်းခွင့်ပြုမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် ပြင်ပပုဂ္ဂလိက အာမခံလုပ်ငန်းများကိုမူ နိုင်ငံခြား ကုမ္ပဏီများအား  ခွင့်ပြုပေးဦးမည်မဟုတ်သေးကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများကို အာမခံလုပ်ငန်းအမျိုးအစား ခုနစ်မျိုးအထိပေးထားကြောင်း သိရသည်။
 အထူးစီးပွားရေးဇုန်တွင် အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် ဦးစွာအာမခံ ကြီးကြပ်ရေး အဖွဲ့သို့ လျှောက် လွှာလာရောက်တင်ရမည် ဖြစ်သည်။ ထို့နောက် အထူးစီးပွား ရေး ဇုန်ဥပဒေတွင် ပါဝင်သည့် အ ချက်များအတိုင်း ဆက်လက် လျှောက်ထားရမည်ဖြစ်သည်။
နိုင်ငံခြား အာမခံကုမ္ပဏီများကို အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် စပေါ် (အာမခံ)ငွေကြေး လက် ခံမထားရန် လက်တလော စဉ်းစားထားပြီး လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီအနေဖြင့် ယုံကြည်မှုရှိသော ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီများကဲ့သို့ စံသတ်မှတ်ချက်များ စွာ စိစစ်ရွေးချယ်သွားမည်ဟု ဆို သည်။
 ယင်းသို့ ရွေးချယ်ရာတွင် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် ခိုင်မာယုံကြည်မှုအပြင် စီးပွားရေးလုပ်ငန်းများမှ လူမှုရေးတာဝန်ယူ အားကောင်းသော ကုမ္ပဏီများကို ရွေးချယ်ရန် စီစဉ်ထားသည်။ ကုမ္ပဏီ၏ မ,တည်ရင်းနှီးငွေနှင့်ပတ်သက်၍လည်း ပြည်တွင်း ကုမ္ပဏီများထက် အဆပေါင်းများစွာ ပိုမိုသတ်မှတ်ထား ကြောင်း ဒေါက်တာ မောင်မောင် သိမ်းက ပြောကြားသည်။
 အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများမှာ အများအားဖြင့် မီးအာမခံ လုပ်ငန်းကိုသာ လုပ်ကိုင်ရန် အလားအလာရှိကြောင်း သတင်းရရှိသည်။ နိုင်ငံခြားအာမခံကုမ္ပဏီများအနေဖြင့် ပရီမီယံ ကြေးကိုလည်း ပြည်တွင်းစံနှုန်းအ တိုင်းသတ်မှတ်မည်ဟု ဆိုသည်။
 အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြား အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အမြန်ဆုံးလာ ရောက်ရန် ဆွဲဆောင်မှုတစ်ခု ဖြစ်ကြောင်း စီးပွားရေး ပညာရှင်ဦးလှမောင်က ပြောကြားသည်။
လက်ရှိ ပြည်တွင်း၌ ပုဂ္ဂလိကအာမခံလုပ်ငန်းများကို ကုမ္ပဏီ ၁၂ ခုအား ခွင့်ပြုထားပြီး အထူးစီးပွားရေးဇုန်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုပါက အာမခံကြီးကြပ်ရေး အဖွဲ့သို့ လျှောက်လွှာတင်၍ ခွင့်ပြုချက်ရယူရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်မည့် သီလ၀ါအထူးစီးပွားရေးဇုန်အပါအ၀င် ထားဝယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်များမှာလည်း အကောင်အထည် ဖော်နေသည်။
ရန်ကုန်တိုင်း  ဒေသကြီး၏ ကီလိုမီတာ ၂၀ အကွာအဝေးရှိ ကျောက်တန်းမြို့နယ်တွင် အကောင်အထည်ဖော်နေသော သီလ၀ါ အထူးစီးပွားရေးဇုန်သည် ၂၀၁၅ နှစ်လယ်တွင် လုပ်ငန်းများလည်ပတ်နိုင်ရန်  မျှော်မှန်းနေသည်။
http://7daydaily.com/story/25081#.VGrZmlcYuM8

No comments:

Post a Comment