November 19, 2014

ရန်ကုန်မြို့သစ် စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် လူ ၂၀၀၀ ခန့် ဆန္ဒပြ

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ပေးရန် ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

  ရန်ကုန်မြို့သစ်စီမံကိန်း  အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် မြို့သစ်စီမံ ကိန်း ဧရိယာတွင် ပါဝင်သော ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်တို့ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသခံ ၂၀၀၀ ၀န်းကျင် သည် နိုဝင်ဘာ ၁၆ ရက်တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့သစ် စီမံကိန်း အ မြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသော ကျေးရွာ ၂၆ ရွာမှ ဒေသခံများသည် မြို့သစ် စီမံကိန်းတည်ဆောက်ပေးပါက ၎င်းတို့သားသမီးများ၏ ကျန်းမာ ရေး၊ ပညာရေး၊ လူနေမှုဘ၀များ အဆင့်မြင့်မားလာမည်ဖြစ်သော ကြောင့် တောင်းဆိုဆန္ဒပြခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ကျေးရွာ ၂၆ ရွာမှ ဒေသခံ များသည် တွံတေးဆိပ်ကြီး ခနောင်တို လမ်းဆုံထိ လမ်း လျှောက်ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး ထိုနေရာတွင် စုရပ်ထားရှိကာ ရန်ကုန်မြို့သစ်စီမံကိန်း အမြန် ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လူထုဟော ပြောပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့ဒေသမှာ မြို့ သစ်စီမံကိန်းကြီးတည်ဆောက် မှာကို ကန့်ကွက်တဲ့သူတွေရှိတာ အံ့သြလို့ မဆုံးပါဘူး။ မြို့သစ် တည်ဆောက်ရင် ဒီဒေသမှာ ရှိတဲ့ သူတွေရဲ့ ဘ၀တိုးတက်မယ်။ လူ နေမှုအဆင့်အတန်းတွေ မြင့်မား လာမယ်။ ကန့်ကွက်တဲ့သူတွေ က ကျွန်တော်တို့ဒေသ တိုးတက် မှာကို မလိုလားတဲ့သူတွေလို့ ထင် တယ်’’ဟု ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေး အဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ရင်က ပြော သည်။
‘‘ကျွန်တော့် ကလေးဆို ကျောင်းသွားတက်ရတာ တစ်နာ ရီလောက်ဝေးတဲ့ ကျောင်းကို သွားတက်ရတယ်။ ကျန်းမာရေး တစ်ခုခုဖြစ်ရင်လည်း အဝေးကြီး မှာရှိတဲ့ ဆေးခန်းတွေမှာ သွားပြ ရတယ်။ ကျွန်တော်တို့ဒေသမှာ မြို့သစ် စီမံကိန်းကြီး တည် ဆောက်လိုက်ရင် ဆေးရုံတွေ၊ ကျောင်းတွေ ရောက်လာမယ်။ ဒါကြောင့် အားလုံးအဆင်ပြေ သွးမယ်’’ ဟု ရန်ကုန်မြို့သစ် စီမံ ကိန်း အမြန်ဆုံး အကောင်အ ထည်ဖော် ဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုပွဲတွင် ပါဝင်သူ ခရမ်းဝကျေးရွာမှ ဦးမြလှိုင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အနောက်ဘက်ပိုင်းတွင် တိုးချဲ့ ရန် စီစဉ်ထားသည့် ရန်ကုန်မြို့ သစ်စီမံကိန်းကို ရပ်ဆိုင်းလိုက် ပြီဟု ရန်ကုန်မြို့တော်ဝန် ဦးလှ မြင့်က စက်တင်ဘာ ၂၆ ရက် က ရန်ကုန်တိုင်းလွှတ်တော်အ စည်းအဝေး၌ ကြေညာခဲ့ခြင်း ဖြစ် သည်။
ဖျက်သိမ်းလိုက်သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့ အနောက်ဘက် ဧက သုံးသောင်းခန့်ကျယ်ဝန်းမည့် ဧရိယာတွင် ကျပ်ဘီလီယံ ခုနစ် ထောင်ကျော်နှင့် အမေရိကန်ဒေါ် လာ ရှစ်ဘီလီယံ(စုစုပေါင်းဒေါ် လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံဆောက်လုပ်သွား မည့်စီမံကိန်းဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်မည်ဟု သြဂုတ် ၂၂ ရက်က ရုတ်တရက် ကြေ ညာခဲ့ရာ ဝေဖန်မှု အများအပြားရှိခဲ့သည်။အထူးသဖြင့်စီမံကိန်း ပွင့်လင်း မြင်သာမှုမရှိဘဲ ကုမ္ပဏီတစ်ခုတည်းအား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း အပေါ် ဖြစ်သည်။
ရန်ကုန်မြို့၏ အနောက် ဘက်တွင်ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ် နှင့် လှိုင်သာယာ၊ တွံတေးကား လမ်းကြား မြေနေရာများကို မြို့ သစ်တည်ဆောက်မည်ဟု ကြေ ညာခဲ့၍ ယင်းနေရာရှိ မြေဈေး ကွက်မှာ တစ်ဧကလျှင် ကျပ်သိန်း ထောင်ချီထိ ပေါက်ဈေးမြင့်တက် သွားခဲ့သည်။
မြို့သစ်စီမံကိန်း ဖျက်သိမ်းလိုက်သောကြောင့် စီမံကိန်း ဧရိ ယာအတွင်း ပါဝင်သော လယ်ယာ မြေများ အရောင်းအ၀ယ် ရပ် ဆိုင်းနေကြောင်း ဆန္ဒပြ တောင်းဆိုသူများက ပြောသည်။
http://7daydaily.com/story/25088#.VGrZYFcYuM8

No comments:

Post a Comment