ထိုင်း-မြန်မာနယ်စပ်ရှိ
တာချီလိတ်မြို့တွင် တရားမဝင် တောရိုင်းတိရစ္ဆာန် အရောင်းဆိုင်တစ်ခုကို
တွေ့ရစဉ်။ (ဓာတ်ပုံ - terrywhittaker.com)
ဖမ်းဆီးရရှိမှုများတွင် သစ်ခွ၊ သစ်ခွခြောက် ၄၈,၉၉၅ ကီလိုဂရမ်၊
သင်းခွေချပ် အစိတ်အပိုင်းများ ၁,၂၉၆ ကီလိုဂရမ်၊ သင်းခွေချပ်အရှင် ၁၂၆
ကောင်၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ (အရေပြား၊ အသား၊ ဆင်စွယ်) ၁,၀၀၈
ကီလိုဂရမ် တို့ကို ဖမ်းဆီးရရှိပြီး သမင်ချို၊ လိပ်၊ မြွေ၊ ဝက်ဝံ စသည့်
မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များကိုပါ ဖမ်းဆီးရရှိသည်ဟု သစ်တော ဦးစီးဌာန
စာရင်းများအရ သိရသည်။“တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုက ကြီးကြီးမားမားဖြစ်နေတယ်။ အိမ်နီးနားချင်း နိုင်ငံတွေရဲ့ ဈေးကွက်တွေက တရားမဝင် ရောင်းဝယ်ဖို့အတွက် အဓိကဖြစ်နေတယ်။ ဒီလို တရားမဝင်မှုတွေ ပပျောက်အောင် ဖမ်းဆီးဖို့အတွက် ၀န်ထမ်းအင်အား၊ ရန်ပုံငွေ၊ စွမ်းဆောင်ရည်၊ ပစ်္စည်းကိရိယာတွေ လိုအပ်နေတယ်” ဟု ဦးနိုင်ဇော်ထွန်းက ပြောသည်။
သစ်တောဦးစီးဌာနမှ ၂၀၁၀ ပြည့်နှစ် တွင် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု ၃၃ ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် ၂၆ ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၃၁ ကြိမ်၊ ၂၀၁၄ ခုနှစ် စက်တင်ဘာအထိ ၂၁ ကြိမ်ဖမ်းဆီး ရရှိသည်။
အများဆုံးဖမ်းဆီးရရှိသည့် နေရာများမှာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ဖြစ်ပြီး ချင်းပြည်နယ်၊ ပဲခူး၊ ကချင်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့မှလည်း ဖမ်းဆီးရရှိသည်ဟု စာရင်းများတွင် ဖော်ပြထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/33419-2014-11-27-04-50-56
No comments:
Post a Comment