နိုင်ငံတော်အတွင်း လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိခြင်းဆိုင်ရာ
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့
ပြည်ထောင်စု လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ ရှိတယ်လို့ အများပြည်သူများ
သိရှိလေ့လာ အကြံပြုရန် ဖော်ပြထားတဲ့ ဥပဒေမူကြမ်း ဖော်ပြချက်အရ သိရပါတယ်။
နိုင်ငံတော်အတွင်း ဆင်းရဲနွမ်းပါးမှု လျော့ကျပြီး လူနေမှုဘ၀ မြင့်မားစေဖို့၊
အရည်အသွေး ပြည့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက်
ရရှိဖို့၊ မိခင်နှင့်ကလေးတွေရဲ့ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေဖို့တို့ကို
ဦးတည်ပြီး ဒီဥပဒေကို ပြဋ္ဌာန်းခြင်း ဖြစ်တယ်လို့ သိရပြီး အခန်းအားဖြင့်
(၆)ခန်း၊ ပုဒ်မ(၁၉)ခု ပါရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ
ဆောင်ရွက်ရမယ့် အထူးဒေသတွေမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့)
ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီး(သို့) ပြည်နယ်အဖွဲ့ကို ဖွဲ့စည်းပြီး
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုကို ဥပဒေအရ ဆက်လက် ဆောင်ရွက်ရန် မလိုတော့ကြောင်း
တွေ့ရှိရပါက ပြည်ထောင်စု နယ်မြေဖြစ်လျှင် ပြည်ထောင်စု နယ်မြေအုပ်ချုပ်ရေး
အဖွဲ့က နိုင်ငံတော်သမ္မတထံ လည်းကောင်း၊ တိုင်းဒေသကြီး(သို့)
ပြည်နယ်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ် အစိုးရအဖွဲ့က
ပြည်ထောင်စုအစိုးရထံ လည်းကောင်း တင်ပြရမယ်လို့ သိရပါတယ်။ တင်ပြချက်တွေကို
နိုင်ငံတော်သမ္မတ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့က
သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရမယ့် အထူးဒေသအဖြစ်
ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာကို ပြန်လည်ရုပ်သိမ်း နိုင်တယ်လို့
သိရပါတယ်။ တိုင်းဒေသကြီး(သို့) ပြည်နယ်အဖွဲ့မှာ တိုင်းဒေသကြီး(သို့)
ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ်
တိုင်းဒေသကြီး(သို့)ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး၊
အတွင်းရေးမှူးအဖြစ် တိုင်းဒေသကြီး(သို့) ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ
ဒုတိယဦးစီးဌာနမှူးနဲ့ အဖွဲ့ဝင်(၁၂)ဦး၊ ဖွဲ့စည်းထားပြီး မြို့နယ်အဖွဲ့မှာ
ဥက္ကဋ္ဌအဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊
ဒုတိယဥက္ကဌအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး၊
အတွင်းရေးမှူး အဖြစ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်တစ်ဦးနဲ့
အဖွဲ့ဝင်(၆)ဦး ပါဝင်တယ်လို့ သိရပါတယ်။ လူဦးရေတိုးပွားနှုန်း
ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ခြင်းဟာ
ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်မယ့် အထူးဒေသမဟုတ်တဲ့ ဒေသမှာ
ဝန်ကြီးဌာနက ဆောင်ရွက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနဲ့
မသက်ဆိုင်ကြောင်းလည်း သိရပါသည်။
http://www.skynet-uptodate.com/localDetail.php?nid=ayvbc
No comments:
Post a Comment