November 19, 2014

SAMSUNG ၏ အကြီးစားရင်းနှီးမြှုပ်နှံမှု ဗီယက်နမ်နိုင်ငံသို့ ရွှေ့ပြောင်းသွားခြင်းမှာ မြန်မာနိုင်ငံတွင် မြေနှင့် လျှပ်စစ်ဓာတ်အား အာမခံချက်မပေးနိုင်သောကြောင့်ဟု ဆို

ကိုရီးယားအခြေစိုက် SAMSUNG ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမည့်အစီအစဉ်အား ဖျက်သိမ်း၍ ဗီယက်နမ်နိုင်ငံသို့ရွှေ့ပြောင်းသွားခြင်းသည် စက်ရုံ ဆောက်လုပ်ရန် မြေနှင့်လျှပ်စစ်ဓာတ်အား အာမခံချက်မပေးနိုင်သောကြောင့်ဖြစ်ကြောင်း သတင်းရရှိသည်။

“မြန်မာနိုင်ငံရဲ့ မြေဈေးအခြေအနေက ရင်းနှီးမြှုပ်နှံမှုကို တော်တော်လေးအဟန့် အတားဖြစ်နေတယ်။ SAMSUNG ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တယ်။ ဒါ ပေမဲ့လုပ်ငန်းတည်ဆောက်မှုအတွက် မြေနေ ရာရရှိမှုမှာ အခက်အခဲရှိနေပြီး ဗီယက်နမ်ကို ရွှေ့သွားတယ်ဆိုတာ တကယ်တော့ နှမြောစရာ ပါ။ ဘာကြောင့်လဲဆိုတော့  SAMSUNGကရင်းနှီးမြှုပ်နှံမှု အကြီးကြီးပဲ။ သူဝင်လာရင် နောက်ကျလိုက်ပြီး ဝင်လာမယ့်ကုမ္ပဏီတွေ ရှိတယ်။ ဒါကြောင့် မြေယာနဲ့ပတ်သက်လာရင် အစိုးရအနေနဲ့ စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ လိုအပ်နေပါပြီ”ဟု ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္က| ဒေါက်တာမောင်မောင်လေးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှုပ် နှံချင်သူများ မျက်စိကျလာခဲ့သည်။ သို့ သော်လည်း မြေဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ် ဓာတ်အားရရှိမှုတို့က လုပ်ငန်းကြီးများရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော အခက်အခဲ ဖြစ်နေကြောင်း၊ နိုင်ငံတကာစီးပွားရေးလုပ် ငန်းရှင်များက သုံးသပ်ကြသည်။

“မြေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မယ်ဆိုရင် အစိုးရဆီက ငှားလို့ရတယ်။  မြေကိုဝယ်လို့တော့မရဘူး။ အခု ပဲခူးမှာ ရှိတဲ့အထည်ချုပ်စက်ရုံတို့ဘာတို့မှာဆို လည်း သွားလုပ်လို့ရတယ်။ ပဲခူးတိုင်းတို့ ဧရာဝ တီတိုင်းတို့မှာလည်း သွားလုပ်လို့ ရတယ်။ ရန်ကုန်မှာကျတော့ အမြတ်တင်ရောင်းထား တာတွေများတော့ အဲဒါကို  နိုင်ငံခြားသားက ပြန်ငှားရတယ်။ အခုမြေဈေးက သိတဲ့အတိုင်း ပဲ။ တစ်ဧက ၃ဝဝဝ ပဲထားအုံး၊ နှစ်ဧကကို ၆ဝဝဝ ဖြစ်နေပြီ။  ပြင်ဆင်တာနဲ့အဆောက် အအုံဆောက်တာနဲ့ဆိုရင် သိန်း ၁ဝဝဝဝ လောက်ကုန်သွားမယ်။ ဥပမာ အထည်ချုပ် လုပ်မယ်ဆိုပါတော့။ ဒေါ်လာလေး လေး၊ ငါး သိန်းလောက်နဲ့လာကြတာဆိုတော့ အဆင်မ ပြေဘူး။ မြန်မာပြည်မှာလုပ်မယ်ဆိုရင် ဒေါ်လာ တစ်သန်းလောက်ရင်းရတယ်။ အဲဒါကြောင့် ငှားလုပ်ချင်တော့ အဆင်ပြေနိုင် တယ်လို့မြင်တယ်”ဟု လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။

“ SAMSUNG ကိစ္စကတော့ နည်းနည်း လေးတောင်ကြာနေပါပြီ။ သူတို့က တရုတ် မှာ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း နည်းနည်းစိုးရိမ် ပုံရတယ်။ ဒါကြောင့် မြန်မာပြည်ကိုလာ တယ်။ မြန်မာပြည်က ညောင်နှစ်ပင်နေရာ ကိုပေးတယ်။ ဒါပေမဲ့ သူတို့ဘက်က ပြော တာ အဲဒီနေရာရေဝပ်တယ်လို့ ပြောတယ်။ သူက မြေဧကလည်း ကျယ်ကျယ်လိုချင် တယ်။ သူတို့ရဲ့ထုတ်လုပ်မှုမှာလည်း process က အစအဆုံးလုပ်မှာဆိုတော့ လျှပ်စစ်က လည်း မဂ္ဂါဝပ် ၅ဝ လောက်အထိလိုမှာလို့ ပြောတယ်။ ဒီဘက်ကလျှပ်စစ်ကို အာမခံမ ပေးနိုင်ဘူး။ အဲလိုဆိုတော့ မလုပ်ဘူး။ ဆို တော့ ဗီယက်နမ်ဘက်က သူ့အစိုးရက ဈေး ပေါပေါပေးပြီး ခေါ်သွားတယ်။ ညောင်နှစ်ပင် ကို သူတို့က ရေဝပ်လို့မကြိုက်ဘူးဆိုတော့ အခြားပေးရင်လည်း လျှပ်စစ်ကို အာမခံပေး ရမယ်လို့ သူတို့ဘက်က ဆိုလာတယ်။ လျှပ် စစ်ကလည်း ၅ဝ မဂ္ဂါဝပ်ကနေ ၁ဝဝ လောက် အထိလိုချင်တယ်လို့ပြောတယ်”ဟု စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိအကောင်အထည်ဖော်နေသော သီလဝါအထူးစီးပွားရေးဇုန်သည် ပင်လျှင် အစိုးရမှ လျှပ်စစ်ဓာတ်အားပေးနိုင်သည့် ပမာဏမှာ ၂ဝ မဂ္ဂါဝပ်သာလျှင် ဖြစ်ကြောင်း၊ ကျန်သည့်ပမာဏအား ဂျပန်အစိုးရ၏အစီ အစဉ်ဖြင့် ဖြည့်ဆည်းသွားရမည်ဖြစ်ကြောင်း သိရသည်။
http://www.news-eleven.com/business/samsung-%E1%81%8F-%E1%80%A1%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%AE%E1%80%B8%E1%80%BB%E1%80%99%E1%82%87%E1%80%B3%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%B6%E1%80%99%E1%82%88-%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%B9%E1%80%94%E1%80%99%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%B1%E1%80%9B%E1%82%8A%E1%82%95%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC

No comments:

Post a Comment