တပ်မတော်က
ပြည်သူနှင့်ကင်းကွာပါက နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်နိုင်သဖြင့်
ပြည်သူနှင့်ပတ်သက်၍ အလေးထားစောင့်ထိန်းရန်
လိုအပ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သော လဟယ်တပ်နယ်ခန်းမနှင့် မွန်းလွဲပိုင်းတွင် ခန္တီးတပ်နယ်ခန်းမတို့၌ တပ်နယ်အသီးသီးရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ‘‘မည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ၊ တပ်မတော်မှာ ထာဝရရှိနေမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်ဝသော တပ်မတော်ဖြစ်အောင် တပ်မတော်သားအားလုံး ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။
http://7daydaily.com/story/26629#.VIZeUcnZGM8

No comments:
Post a Comment