December 9, 2014

MyKyat မိုဘိုင်းဖုန်းငွေလွှဲဝန်ဆောင်မှု စတင်စမ်းသပ်

မိုဘိုင်းဖုန်းဖြင့်ငွေပေးချေခြင်း၊ ငွေလွှဲပြောင်းခြင်းများကို ပြုလုပ်နိုင်မည့် MyKyat Mobile Money ဝန်ဆောင်မှု၏ အကြို လေ့လာစမ်းသပ်မှုအနေဖြင့် နိုင်ငံတကာလူမှုအဖွဲ့အစည်း တစ်ခုနှင့် အသုံးပြုသူအချို့ကို စတင်မိတ်ဆက်လိုက်ကြောင်း Frontier Technology Partners ကုမ္ပဏီမှသတင်းရရှိသည်။
အဆိုပါဝန်ဆောင်မှုကို ၂၀၁၅ နှစ်ဆန်း၌ ရန်ကုန်တစ် မြို့လုံးတွင် အဆင်ပြေစွာအသုံး ပြုနိုင်ရန် စတင်ဝန်ဆောင်မှုပေး သွားမည်ဖြစ်ပြီး MyKyat သုံးစွဲသူအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ငွေတောင်းခံခြင်းတို့အပြင် ငွေပေးချေခြင်းနှင့်လစာထုတ်ပေး ခြင်းတို့ကိုလည်း အင်တာနက်မလိုဘဲ မိုဘိုင်းဖုန်းများမှ တစ်ဆင့်လွှဲပြောင်းပေးနိုင်ရန်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
‘‘ဒီ Mobile Money စနစ်က SAP ဂျာမန်နည်းပညာနဲ့အကောင်အထည်ဖော်ထားတဲ့အတွက် MyKyat အသုံးပြုသူတွေရဲ့လိုအပ်ချက်တွေ မြန်ဆန်ချောမွေ့အောင်ဆောင်ရွက်ပေး နိုင်ဖို့အတွက် ဦးစားပေးပြီးလုပ်သွားပါမယ်’’ဟု Frontier Technology Partners  CEO ဦးအောင်မြင်ထွန်းကပြောသည်။
MyKyat Mobile Money ဝန်ဆောင်မှုကို သုံးစွဲသူပေါ်မူ တည်ပြီး လိုက်လျောညီထွေရှိမည့် ဝန်ဆောင်မှုပုံစံဖြင့် ပေးသွားမည်ဖြစ်ပြီး လယ်သမားများ၊ ကျောင်းသားများ၊ လူငယ်များ၊အလုပ်သမားများနှင့် လုပ်ငန်းရှင်များဟူ၍ သုံးစွဲသူပေါ်တွင်မူတည်၍ ဝန်ဆောင်မှုပုံစံများကွဲပြားသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

MyKyat Mobile Money ဝန်ဆောင်မှုမှာ မိုဘိုင်းဖုန်းများ အချင်းချင်း ငွေလွှဲပေးပို့နိုင်ရုံ သာမက ဈေးဝယ်ယူခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေးကိစ္စရပ်များအတွက် ငွေလွှဲခြင်းစသည့် ဝန်ဆောင်မှုများကိုလည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်တွင်း၌ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို Myanmar Mobile Money က ဝန်ဆောင်မှုများပေးလျက်ရှိ သည်။
http://7daydaily.com/story/26594#.VIZgKsnZGM8

No comments:

Post a Comment