ပဲခူး ဒီဇင်ဘာ ၁ဝ
စင်ကာပူ ထိပ်တန်း မြို့ပြအိမ်ရာ
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု တစ်ခုဖြစ်သော Surbana International သည်
ပဲခူးမြို့အနီး၌ i-Land Industrial Park ကို ၂ဝ၁၅ ခုနှစ်
နှစ်ဆန်းပိုင်းတွင် ပထမအဆင့် စတင်ပြီးစီးရန် စီစဉ် နေကြောင်း သိရသည်။
Surbana သည် ရန်ကုန်မြို့မှ ရေချို
ငါးပြတိုက်ကို အသစ် ပြန်လည်တည် ဆောက်ခွင့် ရသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး
အခြားသော လုပ်ငန်းများလည်း ရှိကြောင်း သိရသည်။ ''ပဲခူးတိုင်း ဒေသကြီး
တစ်ခုလုံး အတွက် ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာကောင်းတွေ ဖြစ်လာအောင်
ဒီစီမံကိန်း ကိုရေးဆွဲတာပါ။ ကျွန်တော်တို့မှာ ရန်ကုန်မှာတင် စီမံကိန်းတွေ
အများကြီး ရှိနေပါတယ်။ မကြာမီ ဖြစ်ပေါ် လာမယ့် Polo Club Residences
ဆိုတာလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီမှာ လုပ်ငန်းမျိုးစုံမှာ
ဝင်ရောက် လုပ်ဖို့ ပြင်ဆင် ထားပါတယ်'' ဟု Mr.Gareth Wong က ပြောသည်။
ပဲခူးတွင် ၎င်းတို့ ဖော်ဆောင်မည့် i-Land Industrial Park သည် ဧက ၄ဝဝ
ခန့်ရှိပြီး ယင်း စီမံကိန်း အတွင်း၌ ကုန်းတွင်း ဆိပ်ကမ်း တစ်ခု၊ စူပါမားကက်
တစ်ခု၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် စက်ရုံ၊ အလုပ်ရုံ အပါအဝင် စက်မှု
ဥယျာဉ်မြို့တော် တစ်ခုနှင့် အညီ ဖော်ဆောင်မည် ဖြစ်သည်။ Surbana အနေဖြင့်
မြန်မာနိုင်ငံမှ နာမည်ကြီး ရွှေတောင် လုပ်ငန်းစု၏ Junction Square ကို
ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ခွင့် ရထားသော လုပ်ငန်းစု
တစ်ခုဖြစ်ကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/56322-2014-12-11-09-38-31
No comments:
Post a Comment